Ep_7

424 69 11
                                    

Asahi စာသင်နေတဲ့ တစ်လျှောက်လုံး အခန်းအပြင်မှာတော့ မိုးတွေ သည်းကြီးမည်းကြီးရွာနေခဲ့တယ်

"Sahi မင်းမှာထီးပါလား''

Doyoung က လာမေးတယ်

"မလိုပါဘူးကွာ အတန်းပြီးရင်တိတ်သွားလိမ့်မယ်''

နေ့လည်စာ စားချိန်ရောက်တော့ မိုးခဏစဲသွားတော့ Jaehyuk နဲ့အတူတူ သွားစားဖြစ်တယ်

ညနေရောက်တော့

"Sahi ဒီနေ့ Club ကို ငါမလာဖြစ်ဘူးနော် လုပ်စရာလေးတွေရှိသေးလို့''

"အေး ငါ Yedam ကိုပြောလိုက်မယ်''

တစ်ဖက်မှာလည်း Jaehyuk တစ်ယောက်

"ဒီနေ့ Sahi က Club ရှိတော့ နောက်ကျမယ်ထင်တယ် မိုးကလည်း မတိတ်သေးဘူး သူ ပြီးမယ့် အချိန်ကို မှန်းပြီး ငါသွားစောင့်နေရမယ်''

Jaehyuk ကတော့ အတွေးနဲ့တင်စိတ်လှုပ်ရှားနေလေရဲ့

Asahi တစ်ယောက် တံခါးခေါက်လိုက်တယ် ဒါပေမယ့် ဘယ်သူမှ ပြန်ဖြေသံမကြားရတော့ Yedam မရောက်လောက်သေးဘူး ထင်ပြီး တံခါးဖွင့်ဝင်လာတယ်

အခန်းထဲရောက်ပြီး မီးဖွင့်လိုက်တော့

အခန်းအလည်မှာ Yedam က ဂစ်တာလေးကိုင်ပြီး အသင့်အနေအထားနဲ့စောင့်နေတယ်

"Sahi ကို ကျနော် သီချင်းတစ်ပုဒ်လောက်ဆိုပြချင်လို့''

Asahi လည်းရုတ်တရက် ကြောင်သွားတော့ ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်

~ ဝဲယိုး....ဝဲယိုး.....ဝဲယိုးးးး Just tell me ~~~
   Song _ Wayo by Yedam

"ဝါး မင်းကိုယ်တိုင်ရေးထားတာထင်တယ် အရမ်းကောင်းတာပဲ''

"Sahi ရေ ကျနော့်ကို မမှတ်မိဘူးလားဟင်''

Yedam က ရုပ်တည်ကြီးနဲ့မေးလိုက်တယ်

"ဟမ် ဘာတွေပြောနေတာလဲ Yedam''

"ကျနော်........ခင်ဗျားကို သဘောကျတယ်''

"ဟမ် .....''

"တစ်မျိုး မထင်ပါနဲ့ Sahi ရာ ကျနော် Sahi ကိုသိစေချင်ရုံပါ Sahi ဘက်က ကျနော့်ကိုပြန်ကြိုက်ရမယ်လို့​ပြောတာ မဟုတ်ပါဘူး
ကျနော့် ခံစားချက်ကို Sahi သိရုံနဲ့တင်ကျေနပ်ပါတယ်''

Expected Unexpected Where stories live. Discover now