Ep-13

325 57 6
                                    

နောက်တစ်​နေ့မနက်

ထုံးစံအတိုင်း Sahi က Jaehyuk ရဲ့အခန်းဆီကိုပဲ ဦးတည်လာခဲ့တယ်

''အကိုရေ ဒီနေ့....''

''ဟာ ဆရာဝန်လေး လာပြီ''

Jaehyuk ရဲ့စကားတစ်ခွန်းကြောင့် Sahi မှာပြောစရာစကားတောင်ပျောက်သွားတယ်

Sahi ဘာပြောရမှန်းမသိဖြစ်နေတုန်း Lawoo ရောက်လာတယ်

''ဟာ အကို Sahi အကိုစောလှချည်လား ညီမထက်တောင်အချိန်တိကျလို့''

Sahi တစ်ယောက် ရယ်ကျဲကျဲလေးလုပ်လိုက်တယ်

ကုတင်ပေါ်က Yoon Jaehyuk ကတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ပေါ့

''Lawoo မင်းက ဒီဆရာဝန်လေးကိုသိတာလား''

Lawoo ရုတ်တရက်ကြောင်သွားတယ်

ပြီးတော့ Lawoo က Sahi လက်ကိုဆွဲပြီး နှစ်ယောက်သား Jaehyuk ကိုကျောခိုင်းရင်း လေသံတိုးတိုးလေးနဲ့

''အကို Sahi ဘာလဲဘာလဲ Jaehyuk အိုးပါး က အကို့ကိုစိတ်ဆိုးနေတာလား''

Sahi ဘာပြန်ပြောရမှန်းမသိလို့

''အင်း'' ဆိုတဲ့တစ်လုံးလေးပဲ​ပြန်ပြောလိုက်တယ်

ထိုစဥ်အနောက်က Yoon Jaehyuk က

''Lawoo ရေ ငါအခန်းပြင်ထွက်ချင်တယ် ငါ့ကို အပြင်လိုက်ပို့ပေးအုန်း''

''ဟုတ်အကို ပို့ပေးမယ်နော်''

Jaehyuk နဲ့ Lawoo တို့ထွက်သွားတာကို Sahi အနောက်ကနေငေးကြည့်နေရင်း
သက်ပြင်းအကြီးကြီးချလိုက်တယ်

ဒီအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး Sahi တစ်ယောက် တွေးပူနေလေတယ်

တစ်ဖက်မှာလည်း Jaehyuk နဲ့ Lawoo တို့ အပြင်မှာ လေကောင်းလေသန့်ထွက်ရှူရင်း

''Jaehyuk အိုပါး ဘာလို့ အကို Sahi ကို စိတ်ဆိုးနေရတာလဲ မြန်မြန်စိတ်ဆိုးပြေပေးလိုက်ပါ အကို Sahi ခဗျာ လူကောင်သေးသေးလေးပဲကျန်တော့တဲ့ဟာကို''

အဲ့မှာစပြန်ပါပြီ တွေ့သမျှလူတိုင်းကလည်း Sahi ကိုဂရုစိုက်ဖို့ ချစ်ပေးဖို့ ကူညီဖို့ အဲ့တာတွေပဲပြောနေကြတော့ အခုတစ်ခုခုတော့လုပ်မှဖြစ်မယ်လို့ Jaehyuk တွေးမိတယ်

Expected Unexpected Where stories live. Discover now