Ep_8

410 73 1
                                    

"ဝါး ကစားကွင်းက အကျယ်ကြီးပဲ Sahi ရာ''

အဲ့ အချိန်မှာ တစ်စုံတစ်ယောက် က Sahi ကို လှမ်းခေါ်လိုက်တယ်

"Sahi ငါတို့ဒီမှာ''

လှမ်းကြည့်လိုက်တော့ တွေ့လိုက်ရတာက Doyoung နဲ့ Yedam

"ဟင် သူတို့က ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ Sahi ရ''

"သူတို့လည်း အားနေလို့ခေါ်လိုက်တာ ''

"အကို က Sahi နဲ့ နှစ်ယောက် တည်း လည်ချင်တာကိုကွာ''

Jaehyuk ကနှုတ်ခမ်းလေးထော်ပြီး ကလေးလေးတစ်ယောက်လို စိတ်ကောက်နေလေရဲ့

"ဘာလဲ ခင်ဗျားကြီးမလိုက်ဘူးလား''

"ဟာမဟုတ်တာ အကိုလိုက်မှာပေါ့''

Jaehyuk က Asahi ရဲ့ လက်ကလေးကို ချိတ်ပြီးဘေးကနေ ထပ်ချပ်မကွာ လိုက်လာလေရဲ့

"Sahi ရေ ငါတို့ roller coaster စီးရအောင်''

"မင်းတို့သွားစီးလေ ငါစောင့်နေပေးမယ် Jaehyuk ကိုပါခေါ်သွားပေး''

"အကို မစီးရဲဘူး အကို လည်း Sahi နဲ့နေခဲ့မယ်''

Doyoung နဲ့ Yedam ရိုလာကိုစတာပေါ်ရောက်သွားတာနဲ့တစ်ပြိုင်နက် Jaehyuk တစ်ယောက် Sahi လက်ကို ဆွဲပြေးပါလေရဲ့

"ဟာ ဒါဘာလုပ်တာလဲ''

"အမြန်လာ သူတို့မတွေ့ခင် ထွက်သွားကြမယ် အကို က Sahi နဲ့ နှစ်ယောက် အတူတူရှိချင်တာ''

Asahi လည်း ဘာမှမပြောတော့ပဲ အနောက်ကနေလိုက်လာခဲ့တယ်

"Sahi ရေ အကိုတို့ ဟို မြင်းလေးတွေသွားစီးရအောင်''

"အင်း''

Jaehyuk တစ်ယောက်ပျော်နေလိုက်တာများ ပါးစပ်ကနားရွက်တက်ချိတ်တော့မယ်

ကစားကွင်းမှာ လိုက်ဆော့နေတဲ့တစ်လျှောက်လုံး Sahi ရဲ့လက်ကလေးကို မလွှတ်တမ်းဆွဲထားတယ်

ခဏကြာတော့

"ခင်ဗျားကြီးမမောဘူးလား ကျနော်တော့ ညောင်းနေပြီ ထိုင်တော့မယ်''

"Sahi ရေ အကို ရေခဲမုန့်စားချင်တယ်''

"ဟာ လုပ်ပြန်ကြီ ဒီမှာနေခဲ့ သွားဝယ်ပေးမယ်''

Expected Unexpected Where stories live. Discover now