Ep_17

294 50 14
                                    

အဲ့လိုနဲ့ Jaehyuk နဲ့ Sahi တို့အနားယူပြီးနောက်မှာ Seoul ကိုပြန်လာခဲ့ကြတယ်

လမ်းမှာ

''အကို နေကောင်းရဲ့လား အကို့ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ ''

''အကိုနေကောင်းပါတယ် Sahi ရာ Sahi အေးဆေး အိပ်နေလေ အကိုရောက်ရင်နှိုးမယ်''

Sahi က အိပ်လို့မပျော်ဘူးလေ Jaehyuk တစ်ခုခုဖြစ်နေတယ်ဆိုတာသူသိတယ်
ဘေးကနေပဲ အရိပ်တကြည့်ကြည့်လုပ်နေတယ် အဲ့အချိန်မှာ

''အကို အရှေ့မှာ ကား.........''

သူတို့နှစ်ယောက်စီးလာတဲ့ ကားရှေ့ကို အခြားကားတစ်စီးက ရုတ်တရက်ကွေ့ချလာတယ်

Jaehyuk ကရှောင်လိုက်တော့ ကားက ကားလမ်းဘေးကိုရောက်သွားတယ်

''Sahi အဆင်ပြေလား''

''အကိုကော ဘာဖြစ်သွားသေးလဲ ကျွန်တော် အဆင်ပြေတယ်''

Jaehyuk တစ်ယောက် ချွေးစီးချွေးပေါက်တွေနဲ့ အရမ်းလန့်သွားပုံပေါ်တယ်

''အကို တောင်းပန်....''

''ဘာကိုလဲ ဒါက အကို့ကြောင့်မှ မဟုတ်တာ ဟိုကားက စည်းပျက်ကမ်းပျက်ဝင်လာတာ လာ လာ အကိုနားလိုက်တော့ ကျွန်တော်မောင်းပေးမယ်''

Jaehyuk လည်း မတတ်သာတဲ့အဆုံး နေရာလဲပေးလိုက်တယ်

Sahi က သူ့အိမ်နားရောက်ခါနီးတော့ Jaehyuk ကိုနှိုးမလို့ကြည့်လိုက်တော့ Jaehyuk က မျက်နှာတွေနီရဲနေတယ်

''အကို...အကိုရေ..''

ပြန်ဖြေသံမကြားရတော့ Jaehyuk နဖူးပေါ်လက်တင်ပြီး စမ်းလိုက်တော့ အဖျားတွေအရမ်းတက်နေတယ် အဲ့ဒါနဲ့ Sahi လည်း အရမ်းလန့်သွားပြီး ဆေးရုံကိုတန်းခေါ်သွားလိုက်တယ်

''စီနီယာ Jihoon လုပ်ပါအုန်း အကိုလေ ထပ်ဖျားပြန်ပြီ''

Jihoon စိတ်ထဲမှာ မသင်္ကါနေတာတော့ရှိတယ် ဒါပေမယ့် မသေချာသေးတာမလို့ ဆေးစစ်ကြည့်ပြီးမှ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်

''Sahi သူဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲ ''

''၂၄ နာရီတော့ မပြည့်သေးဘူး စီနီယာ ရုတ်တရက်ကြီး အဖျားတက်လာတာ ''

Expected Unexpected Where stories live. Discover now