Ep_5

435 69 5
                                    

ရက်အနည်းငယ်ကြာပြီးနောက်

"Asahi မင်း ဘယ် Club ကို ဝင်မှာလဲ''

"ငါမသိသေးဘူး မင်းကော Doyoung''

"ငါက Music club ကို ဝင်ထားတယ် အဲ့ဒီမှာ ငါနဲ ကျောင်းအတူပြောင်းလာတဲ့ ငါ့သူငယ်ချင်းရှိတယ် မင်းနဲ့နောက်မှ မိတ်ဆက်ပေးမယ်''

"အေးပါ''

"ဒါဆို ငါ မင်းနာမည်စာရင်းပေးလိုက်မယ်နော် ''

"နေ အုန်းလေ Doyoung ငါစဥ်းစား...''

Asahi ရဲ့ စကားတောင်မဆုံးသေးဘူး Doyoung လေးကတော့ ဝမ်းသာအားရနဲ့စာရင်းသွားပေးလေရဲ့

နေ့လည်ရောက်တော့ Jaehyuk နဲ့ နေ့လည်စာစားဖို့ ကားဘက်ကိုလျှောက်လာခဲ့တယ်

ဒါပေမယ့် ကားနားရောက်တော့ ထူးဆန်းတဲ့ အသံတွေကြားရတယ်

Jaehyuk ရဲ့ ရယ်နေတဲ့ အသံ အဲ့တာအပြင် ကောင်မလေးတစ်ယောက်ရဲ့ အသံကောပဲ

Asahi ကားဆီလည်းရောက်တော့ သူတို့ နှစ်ယောက် ကားပေါ်ကဆင်းလာကြတယ်

"Sahi မင်းတောင်ရောက်လာပြီပဲ''

"အင်း...''

"အကို မိတ်ဆက်ပေးမယ် သူက အကို့ သူငယ်ချင်း Lawoo. .Seo Lawoo''

"နာမည်က Asahi? Asahi-kun တွေ့ရတာဝမ်းသာပါတယ် ''

"ဟုတ် မဂ်လာပါ''

"Sahi ရေ အကို ဒီနေ့ သူနဲ့ နေ့လည်စာသွားစားမလို့ မင်းလည်းလိုက်ခဲ့''

"ရပါတယ် ခင်ဗျားတို့နှစ်ယောက် အေးဆေးသွားစားကြပါ''

"Sahi လည်းလိုက်ခဲ့ပါကွာ''

"ကျ.. ကျနော် ဒီနေ့ အချိန်ပို ရှိလို့ ခင်ဗျားနဲ့ နေ့လည်စာ အတူမစားပေးနိုင်ဘူးလို့ လာပြောတာ အတော်ပဲ​ဖြစ်သွားတာပေါ့''

"အော် ဟုတ်လား အာ့ဆို အကိုတို့သွားပြီနော်''

သူတို့နှစ်ယောက်ကိုကြည့်ရင်း Asahi တိုးတိုးလေးပြောလိုက်တာက

"အကို က Idol တစ်ယောက်ဆိုတာ ကျနော် မေ့သွားခဲ့တာပဲ.....''

အဲ့လိုနဲ့ Asahi တစ်ယောက် စာသင်ခန်းဘက်ပြန်လှည့်လာခဲ့တယ်

"ဟမ် Sahi မင်း ဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းပါလား''

"ဘာမှမဖြစ်ပါဘူး Doyoung ရ''

Expected Unexpected Where stories live. Discover now