Ep_3

552 74 11
                                    

"ငါ...အခ...အခု ဘယ်ရောက်နေတာလဲ''

Jaehyuk တစ်ယောက် ဘေးကို လှည့်ပတ်ကြည့်လိုက်တော့ သူနဲ့ မရင်းနှီးတဲ့ နေရာတစ်ခု

"အဖြူလုံးလေး.. ဟုတ်တယ် ဆံပင်စုတ်ဖွားနဲ့ကောင်လေး ငါအဲ့ကောင်လေးနောက်ကိုလိုက်လာတယ် ပြီးတော့ ဘာဖြစ်သွားမှန်း မမှတ်မိတော့ဘူး''

Asahi တစ်ယောက် အချိန်ကိုက်ပဲ အခန်းထဲကို ဝင်လာပါလေရဲ့

"နူ ဂူး ဆေး ယို '' (Trans: မင်းဘယ်သူလဲ)

Jaehyuk တစ်ယောက် စောင်ကို အတင်းဆွဲယူပြီး အလန့်တကြားနဲ့မေးလိုက်တယ်

"အော် ဟုတ်သားပဲ သူက ဂျပန်လိုမှမပြောတတ်တာ ငါမေ့နေလိုက်တာ
ကျ နော့် နာ မည် က A sa hi ပါဗျ''

"မင်းက ကိုရီးယားလူမျိုးလား''

"မဟုတ်ဘူး ဒီအတိုင်းကိုရီးယားလိုက နည်းနည်းပါးပါး ပဲပြောတတ်တာပါ''

"ဒါနဲ့ ငါဒီကို ဘယ်လိုရောက်နေတာလဲ မဟုတ်မှလွဲရော မင်း.....''

"အယ် အယ် ခင်ဗျား ကပဲပြောရတယ်ရှိသေး ခင်ဗျားမေ့လဲသွားလို့ ကျွန်တော်က ကူညီပေးထားတာပါနော် Yoon Jaehyuk shhii''

"ဟာ မင်း ငါ့ကို သိတယ်လား''

"အယ်...အင်..ဟို...ကျွန်တော့် သူငယ်ချင်းတွေက ခင်ဗျားပရိသတ်ဆိုတော့ နည်းနည်းပါးပါးသိနေတာပါ''

ဒါနဲ့ ခင်ဗျားကဂျပန်ကို ဘယ်လိုရောက်နေတာလဲ

"ငါလား ငါခိုးထွက်လာတာ''

"ဟမ် ဘယ်လို''

"ကိုရီးယားမှာနေရတာ မွန်းကြပ်လာလို့ ဂျပန်ကို တစ်ယောက်တည်းထွက်လာတာ''

"ခင်ဗျားတစ်ယောက်တည်းလား''

"အင်းပေါ့ ငါတစ်ယောက်တည်း''

"ခင်ဗျား ဘယ် Hotel မှာတည်းနေတာလဲ ကျွန်တော် လိုက်ပို့ပေးမယ် ''

"ကောင်လေး''

"ကျွန်တော်က ကောင်လေး မဟုတ်ဘူးဗျ နာမည်ရှိတယ် Asahi''

"အေးပါ Asahi အကို့ကို တစ်ခုလောက်ကူညီပါလား''

"ဘာကူညီရမှာလဲ''

"အကို ဖုန်းနဲ့ ပိုက်ဆံအိတ် ကပျောက်သွားလို့ ပြီးတော့ အဝတ်အစားတွေကလည်း ဒီရောက်မှဝယ်မယ်ဆိုပြီး ဘာမှ မယူလာဖြစ်ဘူး အဲ့တာ....''

Expected Unexpected Where stories live. Discover now