Ep_9

392 65 7
                                    

အခန်းထဲရောက်တော့ Sahi ရဲ့ မျက်ဝန်းတွေထဲက မျက်ရည် တွေက Sahi ရဲ့ ပါးပြင်ထက်ကို စီးကျလာခဲ့တယ်

Sahi လေး Jaehyuk ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ပြီးတော့

"သူတို့ ရန်ဖြစ်နေကြတာမလား ကျနော့်ကြောင့်ဖြစ်နေတာမလား ကျနော် သိတယ် ကျနော် က မကောင်းတဲ့သူ အမြဲတမ်းသူတို့ အတွက် ကျနော်က ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေတယ်''

Sahi ဒီလို ဝမ်းနည်းနေတာကို မြင်ရတော့ Jaehyuk ရဲ့ နှလုံးသားတစ်စုံက လည်း အရမ်းနာကျင်လာပြီး ပေါက်ထွက်တော့မလို ခံစားနေရတယ်

သူနာကျင်ရသလောက် Sahi အတွက် နှစ်သိမ့်မှု ဖြစ်အောင် Sahi ကို တင်းကျပ်စွာ ဖက်ထားပေးရင်း

"အာ မဟုတ်တာ Sahi ကြောင့်မဟုတ်ဘူး Sahi က ဒီလောက်လိမ္မာတာ ဒါတွေအားလုံးက အကို့ကြောင့် အကို တောင်းပန်ပါတယ် ''

Asahi အရမ်းဝမ်းနည်းနေတာမြင်ရတော့ Jaehyuk ဘာလုပ်ပေးရမှန်းမသိဘူး သူ့စိတ်ထဲမှာ အရမ်းရှုပ်ထွေးနေပြီ

မကြာခင်မှာ Sahi က Jaehyuk ကို မှီရင်းအိပ်ပျော်သွားတယ်

Sahiကို အိပ်ရာပေါ် ပွေ့ချီပေးပြီး စောင်သေချာခြုံပေးထားတယ်

Jaehyuk တစ်ယောက် Sahi ကို ကြည့်နေရင်း

"အကို့လုပ်ရပ်တွေက ဒီလောက်ထိဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး အကိုတကယ်တောင်းပန်ပါတယ် Sahi ရာ အကို့ရဲ့လုပ်ရပ်တွေအတွက်ပြန်ပေးဆပ်ဖို့ နောက်မကျသွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ အဲ့အချိန်ရောက်ရင် Sahi အကို့ကို နားလည်ပေးနော်''

နောက်တစ်နေ့မနက်

"Sahi ရေ သားဒီနေ့ medical checkup သွားလုပ်ရမယ့်နေ့နော်''

"အား ဟုတ်သားပဲ မေ့နေလိုက်တာ သားအကျီတွေသွားထည့်လိုက်အုန်းမယ်''

Medical checkup?  Sahi တို့မိသားစုက ၃လ တစ်ကြိမ် ဆေးရုံမှာ ကျန်းမာရေးစစ်ကြတယ် ပြီးတော့ သွေးလည်းလှူကြတယ် အဲ့လိုရက်တွေဆိုရင် Sahi တို့က ဆေးရုံ မှာ တစ်ညအိပ် ၂ ရက်သွားရတာ

Sahi ဆေးရုံကိုသွားရမယ်ဆိုတာကို Jaehyuk ကြားလိုက်တယ်

ပြီးတော့ Jaehyuk ရေရွတ်လိုက်တယ်

Expected Unexpected Where stories live. Discover now