Ep-15

336 56 24
                                    

''အကိုရေ ပင်လယ်ကြီးကလှလိုက်တာ''

''ဘယ်မှာလဲ''

''အကိုကလည်း အကို့မျက်စိရှေ့က ပင်လယ်ကြီးလေ အရမ်းလှတယ်လို့''

''အော်အဲ့ဒါက မလှပါဘူး အဲ့ပင်လယ်ကြီးထက် ကို့ရဲ့ Sahi လေးကပိုလှတယ် ''

Doyoung ကနေကြားဖြတ်ပြီး

'' အဟမ်း အဟမ်း အတွဲတွေက ပြန်တည့်ရင် ရိုမယ်ဆိုတာချည်းပဲ ပတ်ဝန်းကျင်ကိုလည်းကြည့်ပါအုန်းဟ''

Jaehyuk ကလည်း ဆတ်ဆတ်ထိမခံ Sahi ရဲ့ နားလေးကိုပိတ်ပြီး ရင်ခွင်ထဲဆွဲထည့်လိုက်တယ်

''လာ Sahi သူပြောတာတွေနားမထောင်နဲ့ ကိုနဲ့အတူ အရသာရှိတဲ့ ပင်လယ်စာတွေသွားစားကြမယ်''

Doyoung ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့လေရဲ့

''အကိုDoyoung ဟိုကိုကြည့်ပါအုန်း အကို့သူငယ်ချင်း အကို Yedam က ရေကူးဝတ်စုံနဲ့ဆိုတော့ six pack ကြီးထင်းနေတာပဲ အမယ်လေး ဓာတ်ပုံရိုက်ထားမှ''

Doyoung သူ့ဗိုက်ကိုပြန်ကြည့်လိုက်တော့ ဗိုက်လုံးလုံးလေး

''Yedam မှာကောင်မလေးရှိတယ် သူ့နာမည်က Yedee တဲ့ အရမ်းလှတာ မင်းကိုသူကြည့်မှာတောင်မဟုတ်ဘူး Lawoo ရ''

''ဟင်အဲ့လိုလား''

(တကယ်တော့ Yedee က Yedam ရဲ့ အိမ်မွေးအကောင်လေးပါ Doyoung က Lawoo တစ်ခြားသူတွေကိုကြည့်တာကိုမကြိုက်လို့ တမင်ပြောလိုက်တာ)

တစ်ဖက်မှာလည်း

''Sahi ပုစွန် စားမယ်မလား အကို အခွံနွာပေးမယ် အာ.... ပါးစပ်ဟ''

''အကိုကလည်း တစ်ခြားသူတွေနဲ့''

''ဘာဖြစ်လဲ အကို့မျက်လုံးထဲမှာတော့ တစ်ခြားသူတွေမ​မြင်ပါဘူး Sahi တစ်ယောက်ပဲ မြင်တယ် ''

Sahi လည်း ဘာမှပြန်မပြောနိုင်ဘူးလေ Jaehyuk ရဲ့ ကလေးဆန်မှုကတော့ Sahi လက်မြှောက်အရှုံးပေးလောက်အောင်ပါပဲ

အဲ့လိုနဲ့ ညတေဘက်ရောက်တော့ သဲသောင်လေးမှာ ထိုင်ရင်း Sahi က Jaehyuk ပခုံးလေးကိုမှီထားရင်း

''အကို....''

''ပြော Sahi''

''ကျွန်တော်အကို့ကိုပြောစရာရှိတယ် ''

Expected Unexpected Where stories live. Discover now