Ep_19

278 50 13
                                    

Asahi တစ်ယောက် အိပ်ရာထဲမှာ သူဘယ်ကိုမှလည်း မသွားချင်ဘူး ဘာမှလည်းမလုပ်ချင်ဘူး အရင်တုန်းကလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ သိပ်ကြောက်တဲ့ Sahi ရဲ့ပုံရိပ်ဟောင်းက သူ့ဆီတစ်ကျော့ပြန်ရောက်လာတယ်

ရိုက်ကွင်းကိုတော့ မသွားတော့ဘူးလို့ဆုံးဖြတ်ထားပြီး ဆေးရုံက အလုပ်တွေကိုလည်း အကုန်နားထားတယ်

သူ့ခေါင်းထဲမှာရှိနေတာက '' Yoon Jaehyuk'' ဆိုတဲ့သူပဲ

ဘယ်လိုလုပ်မှ အကိုသူ့ဆီကိုပြန်လာမှာလည်းဆိုပြီး တစ်ယောက်တည်းအတွေးများရင်း ပါးပြင်ထက်မှာလည်း မျက်ရည်တွေအပြည့်နဲ့

လက်သန်းကြွယ်ထက်မှာရှိနေတဲ့ လက်စွပ်လေးကိုကြည့်ရင်း သူတို့ရဲ့အမှတ်တရတွေကိုပြန်မြင်ယောင်နေတယ်

ရုတ်တရက်ဆိုသလို အတွေးတစ်ခုက

''လက်စွပ် ဟုတ်တယ် အကို့လက်မှာကော ဒီလက်စွပ်လေး ရှိနေသေးလားမသိဘူး''

Sahi ချက်ချင်းဆိုသလို အပေါ်ဝတ်အင်္ကျီကိုကောက်ဆွဲပြီး ရိုက်ကွင်းဘက်ကိုထွက်လာခဲ့တယ်

Jaehyuk ကို ရှာတွေ့ဖို့သိပ်မကြာလိုက်ပါဘူး

Sahi က Jaehyuk ရဲ့လက်ကိုဆွဲပြီး လူရှင်းတဲ့တစ်နေရာကိုထွက်လာခဲ့လိုက်တယ်

'' Jaehyuk ခင်ဗျားကို ဒီလက်စွပ်ဘယ်သူပေးလဲဆိုတာသိလား''

''လက်စွပ်.... ''

Jaehyuk လည်း သေချာသတိမထားမိဘူး သေချာကြည့်လိုက်တော့မှာ လက်သန်းကြွယ်မှာ တောက်ပနေတဲ့ ငွေရောင်လက်စွပ်လေးတစ်ကွင်း

''ကျွန်တော် သေချာမသိဘူးဗျ ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူရှိလို့လားမသိဘူး ကျွန်တော်က အက်ဆီးဒင့်ဖြစ်ထားတာဆိုတော့ သေချာမမှတ်မိဘူးဗျ''

''Yoon Jaehyuk ခင်ဗျားသေချာနားထောင် ဒီလက်စွပ်က ကျွန်တော်နဲ့ ခင်ဗျား ဆင်တူ ဝတ်ထားတာဆိုရင် ခင်ဗျားယုံမလား''

''ဟင် ဘာကို...''

Sahi ကသူတို့နှစ်ယောက်ရဲ့အကြောင်းကိုဆက်ပြောချင်သေးပေမယ့် Jaehyuk ကိုအရမ်းဖိအားပေးလိုက်သလိုဖြစ်သွားမှာစိုးလို့

Expected Unexpected Where stories live. Discover now