Ep_4

468 71 4
                                    

"ကဲရောက်ပြီ''

"ဝါး ကျောင်းက အကျယ်ကြီးပဲ Asahi က ဘာတက်နေတာလဲဟင်''

"ကျနော် က ဆေးကျောင်းသား ကျနော် အတန်းတက်နေတုန်း ခင်ဗျား ကားထဲမှာနေနေခဲ့နော် ဘယ်မှလျှောက်မသွားနဲ့''

"ဟုတ်.''

"ရော့ ဒီမှာ ကျနော့်ဖုန်းယူထားလိုက် အကြောင်းကိစ္စ ရှိရင် ဖုန်းဆက်လို့ရအောင် Doyoung ဆိုတဲ့ Contact ကိုဆက်လို့ရတယ် ကျနော် သူနဲ့ အတူတူရှိနေမှာ''

"အော် ဟုတ်ပြီ''

Asahi က စိတ်မချတဲ့ ခြေလှမ်းတွေနဲ့ပဲ စာသင်ခန်းဘက်ကိုလျှောက်လာခဲ့ တယ်

နေ့လည်စာ စားချိန်ရောက်တော့

"Asahi ငါတို့ ဒီနေ့ ဘာစားကြမလဲ''

Doyoung က Asahi ရဲ့ ပခုံးကို လှမ်းဖက်ရင်းမေးလိုက်တယ်

"အာ..ငါ ဒီနေ့ ထမင်းဘူး ထည့်လာတယ် အဲ့တာ ငါကားပေါ် မှာပဲသွားစားလိုက်မယ် နောက်မှတွေ့မယ် Doyoung ရေ''

တကယ်တော့ Asahi ဟာ Jaehyuk ကို စိတ်မချလို့ ကားဆီကိုထွက်သွားတယ်ဆိုတာ
စာသင်ချိန်မှာလည်း နာရီတကြည့်ကြည့်နဲ့ ဘယ်အချိန်ပြီးမလဲ ဆိုပြီး မျှော်နေခဲ့တယ်ဆိုတာ....Doyoung ကတော့ ကောင်းကောင်းကြီးကို သိနေခဲ့ပါတယ်လေ

Asahi ကားထဲကို ချောင်းကြည့်လိုက်တော့
Jaehyuk တစ်ယောက် ပါးစပ် အဟောင်းသားနဲ့အိပ်နေလေရဲ့

"အ ဟမ်း ဟမ်း ''

အသံကြားတော့ Jaehyuk တစ်ယောက်နိုးလာခဲ့တယ်

"ဟေ ဘာဖြစ်တာလဲ''

"ဘာမှ မဖြစ်ဘူး နေ့လည်စာ စားမယ် ဟိုဘက်တိုး''

Asahi က ကားတံခါးဖွင့်ပြီး Jaehyuk ရဲ့ ဘေးကို ဝင်ထိုင်လိုက်တယ်

"ရော့ ဒီမှာ Banana Milk ပြီးတော့ ထမင်းလိပ် ''

"Banana milk တဲ့လား အကို့အကြိုက်ပဲ ထမင်းလိပ်လေးကလည်းစားလို့ ကောင်းလိုက်တာ မင်းကိုယ်တိုင် လုပ်ထားတာလား''

"ဟုတ်တယ် ကျွန်တော်က အိမ်မှာ တစ်ယောက်တည်းနေရတာများတော့ ကိုယ့်ဘာသာ လုပ်စားတာများတယ်''

"ဒါနဲ့လေ Sahi ရေ မင်းအကို့ကို ဖုန်း Password လည်း မပေးသွားဘူး''

ဟုတ်တာပေါ့ Asahi တို့များကတော့လေ ဖုန်းတော့ပေးထားခဲ့ပြီး Password ကျပေးဖို့မေ့နေလေရဲ့

Expected Unexpected Where stories live. Discover now