ရှောင်းအိမ်တော်ရဲ့ခြံ၀န်းထဲရှိနှစ်တစ်ရာပင်အောက်မှာ အသက်ဆယ်နှစ်အရွယ်ကလေး သုံးယောက်ဟာ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြတယ်။ သူတို့လေးတွေရဲ့မျက်နှာမှာလဲ ၀မ်းနည်းမှုတွေကိုသက်သေထူတဲ့မျက်ရည်တွေနဲ့ လက်ကလေးတွေကလဲတယောက်လက်ကိုတစ်ယောက်ကျစ်နေအောင်ဆုပ်ကိုင်ထားကြတယ်။ အကြောင်းကတော့သူတို့ရဲ့သူငယ်ချင်းမလေးဟာ မိသားစုလိုက်သူတို့ကိုခွဲပြီး ကိုးရီးယားမှာအခြေချနေထိုင်ဖို့အတွက်ဖြစ်လို့ပဲ။ မွေးကင်းစအရွယ်ကတည်းက တစ်ယောက်အိမ်တစ်ယောက်၀င်ထွက်သွားလာနေတဲ့ မောင်နှစ်မရင်းချာတွေလိုမျိုးတစ်ယောက်ကိုတစ်ယောက်သိပ်ဂရုစိုက်လွန်းကြတယ် တစ်ယောက်ကိုမတွေ့ရင်တစ်ယောက်လိုက်ရှာနေကြပြီးအမြဲတပူးပူးတတွဲတွဲရှိနေတတ်ကြတဲ့သူတို့သုံးယောက်ကမှာ တစ်ယောက်ကသူတို့ကိုခွဲသွားတော့မယ်ဆိုတော့ သူတို့သိပ်၀မ်းနည်းနေကြတယ်......ဒါကိုသိတဲ့သူတို့မိဘတွေကလဲ ကလေးတွေကိုအချိန်ပေးသင့်တယ်ထင်လို့ သူတို့လေးတွေလွတ်လွတ်လပ်လပ် စကားပြောလို့ရအောင် အိမ်ထဲကနေစောင့်နေကြတယ်.....လေးတွေချင်းကခွဲမရအောင်ချစ်ကြသလိုမိဘတွေကလဲ ငယ်သူငယ်ချင်းတွေလိုရင်းနှီးကြတယ်။
အဲ့လိုသိပ်ချစ်ကြတဲ့ကလေးသုံးယောက်ကတော့ ရှောင်းအိမ်တော်ရဲ့အသဲအသက် ရှောင်းကျန့်၊ လီအိမ်တော်ရဲ့သခင်လေး လီရှင်း၊ ဟုန်းအိမ်တော်ရဲ့ မင်းသမီးလေး ဟုန်းဆိုး၊ အခုတော့သူတို့သူငယ်ချင်း သုံးယောက်မှာ တစ်ဦးတည်းသောသူငယ်ချင်းမလေး ဆိုး ကသူတို့ကို ထားပြီးနိုင်ငံခြားသွားတော့မှာဆိုတော့ သူတို့အတွက်ကစားဖော်ဆိုတာထပ်မိသားစု၀င်တစ်ယောက်ဆုံးရှုံးသလိုခံစားနေရတယ်......
"ဆိုး.. ဟိုရောက်ရင်ငါတို့ကိုမမေ့သွားနဲ့နော် ဟိုကသူငယ်ချင်းတွေကိုလဲ ငါတို့ထပ်ပိုမခင်ရဘူးနော်၊ ငါတို့ထပ် ဘယ်သူ့ကိုမှပိုမချစ်သွားရဘူးနော်..."
လီရှင်းက ငိုမဲ့မဲ့လေးမှာတမ်းခြွေတော့
"ငါကနင်တို့ထပ်ပိုပြီးဘယ်သူ့ကိုခင်ရမှာလဲ ငါ့မှာအခင်ဆုံးအချစ်ဆုံးသူငယ်ချင်းတွေက နင်နဲ့ရှောင်း အပြင်ဘယ်သူမှရှိလာမှာမဟုတ်ဘူး စိတ်ချနော်..."