[Zawgyi]
"အင်း...တော်တော်ပျော်နေပုံပဲ ...ကျောင်းအသစ်ကိုပြောင်းပြီး ရလာတဲ့သူငယ်ချင်းအသစ်တွေပေါ့ ဟုတ်လား..."
"ဟုတ်ပါတယ် သခင်မကြီး "
"ဘယ်အိမ်တော်တွေကလဲ "
"အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့တစ်ယောက်က လီအိမ်တော်ကပါ ၊ သူ့ရဲ့ဘေးက ယုန်သွားလေးတွေနဲ့ တစ်ယောက်ကတော့ ရှောင်း အိမ်တော်က ပါသခင်မကြီး "
"ဘယ်လို ရှောင်းအိမ်တော်က ဟုတ်လား...ရှောင်းစစ်မင်နဲ့ ကျန်းမေဟွား အခုတော့ ရှောင်းမေဟွားတို့ရဲ့သားလား "
"ဟုတ်ပါတယ် သခင်မကြီး ဘာများဖြစ်လို့ပါလဲ "
"အဟင်း...ဘာမှမဖြစ်ပါဘူး၊ ဝမ်ရိပေါ်ကိုဆက်စောင့်ကြည့်ထား။"
"ဟုတ်ကဲ့ "
"မင်းသွားလို့ရပြီ "
ရှောင်းအိမ်တော်....ရှောင်းအိမ်တော်...ရှောင်းအိမ်တော်ကပေါ့ဟုတ်လား.... ရှောင်းစစ်မင် နောက်ဆုံးတော့ ကျွန်မရှင့်ကိုရှာတွေ့ပြီ။ အဲ့ဒီနေ့က ဝမ်သခင်မကြီးရဲ့မျက်နှာမှာပျော်ရွှင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အပြုံးလေးတစ်ပွင့်ဖြစ်ထွန်းနေလေရဲ့
ရိပေါ်အိမ်ပြန်ရောက်တော့ မာမားရဲ့လူယုံဦးလေးချောင်က စာကြည့်ခန်းထဲကထွက်လာတာတွေ့လိုက်တော့မာမာအိမ်မှာရှိနေမှန်းသိလိုက်တယ်။ ထူးဆန်းတယ် အရင် သူကျောင်းကပြန်ရောက်ရင် ရှိမနေတတ်တဲ့မားက ဒီနေ့ အိမ်မှာရှိနေတယ်ဆိုတော့ သူ့အတွက်ထူးဆန်းနေတယ်။ ပုံမှန်ဆိုရင် မာမားရဲ့တူအိမ်လာတဲ့အချိန်ကလွဲရင် ပါတီတွေမှာ ဒါမှမဟုတ် ဝမ် groupမှာပဲရှိနေတတ်တာလေ။ သူလဲအများကြီးတွေးမနေတော့ပဲ အိမ်ပေါ်တက်လာခဲ့လိုက်တော့တယ်။
" သခင်လေး .....သခင်မကြီးက ညစာစားဖို့ ခေါ်ခိုင်းလိုက်ပါတယ် "
"....."
"သခင်လေး "
" အင်း "
ရိပေါ် ရေချိုးပြီး အပြင်သွားမို့ပြင်ဆင်နေတုန်း maid တစ်ယောက်ကအကြောင်းကြားလာတာမို့ သူ အံ့ဩပြီးအကြောင်းပြန်ဖို့မေ့နေတာမို့သူ့ကို နောက်တစ်ခေါက်ထပ်ခေါ်မှအကြောင်းပြန်လိုက်ပြီး လုပ်လက်စတွေကိုရပ်လိုက်တန့်ကာ ထမင်းစားခန်းကိုဆင်းလာခဲ့လိုက်တော့သည်။