[Unicode]
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့
FH [Fox hunt]အမည်ရှိ လျှို့ဝှက်ထောက်လှမ်းရေး ရုံးခန်းထဲတွင်
Samuel တစ်ယောက် သူ့အရှေ့က ခေါင်းငုံ့နေတဲ့ လူလေးယောက်ကို ကြည့်ပြီးတော်တော်လေး သွေးတိုးနေပြီဖြစ်သည်။ မဟုတ်သေးဘူး လူမဟုတ်ဘူး ငါးမွှေထိုးတွေ ဟုတ်တယ် ငါးမွှေထိုးကောင်တွေ
" မင်းတို့ ငါ့ကိုတစ်ရက်လောက် အေးအေးဆေးဆေး ပေးနေလို့မရဘူးလား ဟမ်! "
"........"
" အေး ပြန်မဖြေကြနဲ့၊ မင်းတို့လုပ်ပုံက ကောင်းကြသေးရဲ့လား "
" ကောင်းပါတယ် !!! "
"......"
ဒီတစ်ခါ စွံ့အရသူက Samuel သာဖြစ်တယ်။
" ဘယ်နေရာ ကောင်းတာလဲဟမ်! ဘယ်နေရာကောင်းတာလဲ အခန့်မသင့်ရင် မင်းတို့ကြိုးစားလာသမျှအကုန် သဲထဲရေသွန် ဖြစ်မှာကွ နားလည်ရဲ့လား အချိန်တွေရင်းခဲ့ရတာ မင်းတို့ နားမလည်သေးဘူးလား!! "
ခေါင်းဆောင်ရဲ့ စိတ်ဆိုးမာန်ဆိုး အော်သံကြီးက ရုံးခန်းထဲ ဟိန်းထွက်လာတော့မှ သူတို့ဒီရဲ့ ဒီတစ်ခါ ကိစ္စက လွယ်လွယ်ပြီးမှာ မဟုတ်မှန်းသိလိုက်သည်။ ထိုအခါမှ လေးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့မှ
" Sam ကျွန်တော်တို့မှားတာသိပါတယ် ဒါပေမဲ့ လျစ်လျှူရှုပြီးမှမနေနိုင်တာ ကိုယ့်မျက်စိအရှေ့မှာ ဖြစ်နေတာက အသေးအဖွဲမှမဟုတ်တာ။ ပြီးတော့ ဒီနိုင်ငံမှာက ကျွန်တော်တို့မဟုတ်ရင်တောင် အသက် 21အထက် တရားဝင်လက်နက်ကိုင်ခွင့်ရှိနေတာပဲ Sam "
လေးယောက်ထဲမှာ စပြောလာသူက Sean။ ဒီကောင်လေးက သူ့ကိုဘယ်တော့မှ ခေါင်းဆောင်လို့မခေါ် ပြီးရင်အမိန့်သောဘာသောမသိ သူလုပ်ချင်ရာမှန်သမျှ စွတ်လုပ်တတ်သေးသည်။ အခုလဲ သင်းကြောင့် ပြဿနာကမီးခိုကြွက်လျှောက်။ အဲ့တော့ အထိခိုက်မခံနိုင်တဲ့သူကပဲ
ကြက်သားအုပ်မကြီးလို ဒီခလေးတွေအရှေ့ကနေ ကာကွယ်ရပ်တည်ပေးဖို့သာရှိသည်။" အေး မင်းပြောတာတွေကို လက်ခံတယ် ဒါပေမဲ့ မင်းတို့တာဝန်ချိန်ပြင်ပမှာ သုံးလိုက်တာ FN 57နဲ့ M 24 တွေကွ !"