[Unicode]
"ရှင်း ငါတို့ဘာလိုလိုနဲ့အထက်တန်းတောင်ပြီးတော့မယ်နော်..."
"ဟုတ်တယ်နော်...ဆိုးနဲ့ငါတို့အတူမဆုံရတာ ခြောက်နှစ်တောင်ရှိသွားပြီနော်..."
"ဆိုး အဆင်ပြေရဲ့လားတောင်မသိဘူးဒီရက်တွေထဲအဆက်အသွယ်မရဘူး...ဒါမှမဟုတ်သူက ငါတို့ကိုမေ့သွားပြီးသူ့သူငယ်ချင်းအသစ်တွေနဲ့ပျော်နေပြီလားမသိဘူး..."
"ရှောင်းရယ် မင်းကလဲ ဆိုးကသူငယ်ချင်းအသစ်တွေရရင်တောင် ငါတို့ကို မေ့မှာမဟုတ်သလိုငါတို့ထပ်လဲဘယ်သူ့ကိုမှပိုချစ်မှာမဟုတ်ဘူး ငါပြောတာကိုယုံ... မဟုတ်တာတွေတွေးပြီးဝမ်းနည်းမနေနဲ့ ရှောင်းလေး..."
"အင်းပါ.... ဒါနဲ့လေ ရှင်း... မင်းတက္ကသိုလ်ကို ဘယ်လိုင်းဝင်ဖို့စဉ်းစားထားလဲ....."
"အင်း...ငါကတော့ နည်းပညာပိုင်းကိုစိတ်ဝင်စားလို့ IT ကိုရွေးထားတယ် မင်းကရော..."
"ငါကတော့...အင်းငါကတော့ ငါလုပ်ချင်တာကိုပြောရင်မင်းတို့တွေကတားကြမှာသေချာတယ်...အဲ့ကြောင့်အခုမပြောသေးဘူး...တစ်နေ့နေ့ပေါ့ ..ငါပြောပြတဲ့နေကျရင်တော့မင်းတို့မတားဖို့မျှော်လင့်တယ်... "
ရှောင်းကတော့ မပြောပေမဲ့ လီရှင်းသိတယ် ရှောင်းရဲ့စိတ်ကို အနေနီးတဲ့သူမှမသိရင် ဘယ်သူသိနိုင်အုံးမှာလဲ........
မကြာပါဘူး ရှင်းလဲဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာ ချလိုက်လေသည်။ ..အဲ့တော့မှ လီရှင်း စိတ်သက်သာရာရသွားတော့သည်။ ရှင်းရဲ့ အတွေးကတော့ရိုးရိုးလေးပါပဲ သူက ရှောင်းဖြစ်ချင်တာကိုသာဦးစားပေးမည်။ ရှောင်းစိတ်ချမ်းသာဖို့ကသာသူရဲ့ဖြစ်တည်မှုအကြောင်းပြချက်ဖြစ်တာမို့။
အနာဂတ်ကိုတွေးပြီသက်ပျင်းပြိုင်တူချမိတာအကြိမ်ကြိမ်...နှစ်ယောက်သားစကားတွေပြောလာလိုက်တာ အိမ်တောင်ပြန်ရောက်နေပြီ..
"တာ့တာရှင်း မနက်မှတွေ့မယ် "
...အဲ့လိုပဲ သူတို့အနောက်က ကားလေးကလဲ လိုရာခရီးကို ဆက်လက်မောင်းနှင်သွားပြီ ဖြစ်တယ်....
ရိပေါ်အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ လူစုံတက်စုံတွေ့လိုက်ရတယ်......အင်းကြည့်ရတာတော့ ပျော်စရာတစ်ခုခုရှိလို့နေမှာ.....ဒါကလဲ သူနဲ့မဆိုင်တဲ့အရာတစ်ခုပါပဲ။ သူဒီတိုင်း အိမ်ပေါ်တက်မလို့လုပ်နေတုန်း....သူ့ကိုတွေ့သွားတဲ့ မားက.....