[Unicode]
ရှောင်းအိမ်တော်
"ဒေါ်ကြီး! ဒေါ်ကြီးရေ !!"
"ကျန့်ကျန့်ဘာဖြစ်လို့လဲ "
အဒေါ်ကြီးမနက်စာပြင်နေတုန်းအပေါ်ထပ်ကနေသူ့ကိုအလောတကြီးခေါ်နေတဲ့သခင်လေးကြောင့်လုပ်လက်စတွေကိုထားခဲ့ပြီး အပြေးလေးသွားမေးတော့
"ပါး.. ပါးနဲ့မား ပြန်ရောက်ပြီလား "
ရှောင်းကျန့်မနေ့ညကပါးနဲ့မားက မစောင့်နဲ့လို့ပြောပေမဲ့ သူစောင့်ရင်းညဉ့်နက်လာတော့ မခံနိုင်တော့တဲ့မျက်လုံးတွေကသူ့အလိုလိုပိတ်ကျသွားတာမို့ သူသတိထားမိပြီးမျက်လုံးပြန်ပွင့်လာတော့ မိုးစင်စင်လင်းနေပြီဖြစ်သည် တဆက်တည်းမှာပဲ ပါးနဲ့မားကမနက်ပြန်ရောက်မယ်ပြောထားတာကိုသတိရလာတာမို့ အခန်းထဲကနေဝရုန်းသုန်းကားပြေးထွက်လာပြီးအဒေါ်ကြီးကိုမေးရတော့သည်။
"ဖြေးဖြေးမေးလဲရပါတယ် ကျန့်ကျန့်ရယ်မတော်လှေကားပေါ်ကနေပြုတ်ကျနေမှဖြင့် သခင်ကြီးဆူနေပါအုံးမယ် "
"ဒေါ်ကြီးကလဲ ကျန့်ကျန့်က မားတို့ပြန်ရောက်ပြီလားသိချင်စိတ်လောသွားလို့ကို ပြီးတော့အခုလဲပြုတ်မကျဘူးလေ "
"ထားတော့ ဒီတစ်ခါတော့ ၊ သခင်ကြီးနဲ့မမကြီးက မနက်ဝေလီဝေလင်းကပြန်ရောက်ပြီး အခုအနားယူနေတယ် "
"ဟုတ်လား ဒါဆိုကျန့်ကျန့်အခုကျောင်သွားဖို့ပြင်ဆင်ပြီးမှပြန်ဆင်းလာတော့မယ် ပါးနဲ့မားတော့ နားပါစေအုံး "
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ "
ရိပေါ်ကျောင်းဂိတ်တံခါးရှေ့မှာ စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်လို ခေါင်းငိုက်စိုက်လမ်းလျှောက်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့လှမ်းခေါ်ရန်ပြင်လိုက်ပြီးမှ မခေါ်ပဲအနောက်ကနေသာတိတ်တိတ်လေးလိုက်လာခဲ့တော့သည်။
ရိပေါ်သူ့အရှေ့ကနေတရွေ့ရွေ့နဲ့ပတ်ဝန်းကျင်ကိုသတိမထားမိလောက်အောင်လမ်းလျှောက်နေတဲ့လူသားကိုစိတ်မရှည်ချင်တော့ဘူး။ မရှည်လဲမရှည်ချင်စရာလေ တချိန်လုံးခေါင်းငုံ့ပြီးလမ်းလျှောက်နေတာ ကျောင်းသားတွေက တိုက်မိမှာစိုးလို့ရှောင်ပေးသွားလို့သာမတိုက်မိတာ အခုကြည့်အရှေ့တည့်တည့်မှာသူ့ကိုကျောပေးထားတဲ့သူကိုတိုက်မိတော့မှာမို့
