11

1.2K 84 0
                                        


[Unicode]

"ဝမ်ရိပေါ်..... ဝမ်ရိပေါ် ...ဝမ်ရိပေါ် "

ကွင်းအပြည့်မိန်းခလေးပရိတ်သတ်တွေရဲ့အားပေးမှုဟာ Tracer 85ဆိုတဲ့ အစိမ်းရောင် Yamaha ဆိုင်ကယ်ရဲ့ပိုင်ရှင် ဝမ်ရိပေါ်ဆီမှာအခြေတည်တယ်။

ရှောင်းကျန့်တို့အခု Beijing Golden park ထဲမှာရောက်နေတာဖြစ်တယ်။ အကြောင်းရင်းကတော့ Asia Racing Road Championship (ARRC) အတွက်ဖိတ်ကြားခံရတဲ့ Tracer 85 တစ်ဖြစ်လဲ ဝမ်ရိပေါ်ကိုလာအားပေးကြတာဖြစ်တယ်။ ရိပေါ်ရဲ့ အိမ်မက်တွေကနှစ်နှစ်ကြာပြီးတဲ့နောက်မှာ အမှန်တစ်ကယ်ဖြစ်လာခဲ့တယ်။

အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲကြီးဖြေပြီးတဲ့နောက်မှာ ရိပေါ်ကသူ့အိမ်မက်‌တွေနဲ့ သူ့ရဲ့ဝါသနာပါရာနောက်ကိုတစ်စိုက်မက်မက်လိုက်လျှောက်ခဲ့တာ အခုဆိုရင် YAMAHA ရဲ့ အသင်းမှာ အသက်အငယ်ဆုံး Racer အဖြစ်နာမည်ကြီးလာပြီဖြစ်တယ်။

တာထွက်ကနေ စပြီးထွက်လာတဲ့အစိမ်းရောင် Yamaha လေးက လေးထဲကိုအရှိန်အဟုန်နဲ့ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းပမာ သူ့ရဲ့ပန်းတိုင်ဆီသို့။ အကွေ့အဝိုက်တွေကို လှပသေသပ်စွာနဲ့ဖြတ်ကျော်ပြီး နောက်ဆုံးမှာသူ့ရဲ့ပန်းတိုင်ဆီကိုရောက်ရှိသွားပြီဖြစ်တယ်။

ပြိုင်ပွဲပြီးဆုံးပြီးတဲ့နောက် သူ့ဘေးကိုသတင်းထောက်တွေကဝိုင်းအုံလာတဲ့နောက်မှာ ရိပေါ်ရဲ့မရှည်တဲ့စိတ်အစဉ်က သုံညအောက်ကိုရောက်နေပြီဖြစ်တယ် တစ်ခါလာလဲဒီမေးခွန်းတွေ နှစ်ခါလာလဲဒီမေးခွန်းတွေက သူတစ်ကယ်မဖြေချင် မမောနိုင်မပန်းနိုင်မေးကြတဲ့သူတွေကိုလဲသူသိပ်အံ့ဩရပါတယ်။

"Tracer 85 အနိုင်ရရှိတဲ့အပေါ် ခံစားချက်လေးကိုပြောပြပေးပါဦး "

" ကြိုးစားသမျှအရာထင်ခဲ့တာပါ "

စိတ်မရှည်မှုတွေကမထိန်းချုပ်နိုင်တဲ့အခါ မေးနေတဲ့မေးခွန်းတွေလဲ‌ဆက်ဖြေချင်စိတ်မရှိထွက်သွာဖို့ခြေလှမ်းပြင်နေတဲ့သူကို ရပ်တန့်စေတဲ့သတင်းထောက်ရဲ့မေးခွန်းက

"နောက်ဆုံးအနေနဲ့ fan တွေစိတ်ဝင်စားနေတဲ့ 85ရဲ့အချစ်ရေးအကြောင်းလေး‌ကိုပြောပြပေးသွားပါဦး"

Beyond The Love [ Completed ]Where stories live. Discover now