[Unicode]
Ala House
ကျန့်က ဒီနေ့ဟောက်ရွှမ်းနဲ့သူ့ကို တွေ့ဖို့ချိန်းထားတာကြောင့် တခြားနေရာမရွေးပဲ ဒီဘားကိုပဲသူရွေးခဲ့တာဖြစ်တယ်။ ဟောက်ရွှမ်းကတော့ရောက်မလာသေး ရိပေါ်ကတော့ ကျန့်နဲ့နောက်ထပ်တွေ့ရမှာမို့ ဆန္ဒတွေစောပြီး ရောက်နေခဲ့တာဖြစ်တယ်။ သူရောက်ပြီး သိပ်မကြာခင်မှာပဲ ဟောက်ရွှမ်းကရောက်လာခဲ့တယ်။
" ဟေး ရိပေါ် အစောကြီးရောက်နေပါလား ငါတို့ချိန်းရင်တော့ အမြဲနောက်ကျမှရောက်လာတဲ့မင်းကလေ "
" မင်းတို့နဲ့တူမလား "
မနေ့ညက ရိပေါ်ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြထားသည်မို့ ဒီနေ့ရှောင်းတို့နဲ့ တွေ့ရမည်ဆိုတာကို ဟောက်ရွှမ်းသိသောကြောင့် ရိပေါ်ကို စနောက်နေတာဖြစ်တယ်။ သူဒီကိုရောက်တော့ ရိပေါ်ကအရင်ရောက်နေသည် ပုံမှန်အတိုင်းဆိုရင်သူအံ့ဩမိမှာ ဖြစ်ပေမဲ့ အခုကတော့ မတူဘူးလေ။ သူ့ရဲ့ချစ်သည်းညှာက ချိန်းဆိုထားတာမဟုတ်လား။ အခုလဲကြည့် မျက်နှာကအပြုံးက ဖုံးမနိုင်ဖိမရ။ ဟောက်ရွှမ်းခေါင်းခါဖို့သာတတ်နိုင်သည်။ သူ့သူငယ်ချင်း ရိပေါ်ကအရူးရင့်နေပြီလေ...
ရိပေါ်ရဲ့ အခုလိုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ဟောက်ရွှမ်း စိတ်မကောင်းဖြစ်မိသည်။ သူ့သူငယ်ချင်းက အမှန်တရားကိုသိတာ အရမ်းနောက်ကျနေခဲ့ပြီလေ။သူ့သူငယ်ချင်းမှားခဲ့တဲ့အမှားတွေအတွက် ရှောင်းဘက်က ပစ်ဒဏ်လျော့ပေါ့ပေးပါစေလို့သာ သူဆုတောင်းမိသည်။ နောက်တစ်ကြိမ်ထပ်ပြီး ရိပေါ်ပြိုလဲနေတာကို သူမကြည့်နိုင်တော့ဘူး။
သူ့အတွေးတွေကို ခဏဘေးဖယ်လို့ သူ့အရှေ့က ဆေးမမှီတော့တဲ့ သူ့သူငယ်ချင်းကိုတော့
" မင်းအဲ့လောကါတောင် ပျော်တာလား ရိပေါ် "
ရိပေါ်ကဟောက်ရွှမ်းမေးခွန်းကို Bar အဝင်အဝကိုကြည့်ပြီးဖြေတယ်။
" မင်းသိလား အရမ်းတွေ့ချင်နေတဲ့လူကို စောင့်ဆိုင်းရတဲ့ပျော်ရွှင်မှုလောက် ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး ပြီးတော့ သူရောက်လာပြီဆိုတဲ့အသိက ငါ့ကိုရူးလောက်စေတယ် ဟောက်ရွှမ်း "
![](https://img.wattpad.com/cover/262906750-288-k925888.jpg)