[Unicode]
အချိန်သည်ကား ညရှစ်နာရီရှိနေပြီဖြစ်သည်။ ညနေစာ စားပြီးကတည်းက ရှောင်းကျန့် တည်းခိုဆောင်အနီးရှိပန်းခြံလေးထဲ တစ်ယောက်တည်းလမ်းလျှောက်နေတာဖြစ်သည်။ ညနေစာစားချိန်တစ်လျှောက်လုံး ရိပေါ်ကအိုရန်လီလီနဲ့သာအတူသွား အတူစားသည်။ အခြားကျောင်းသားတွေရဲ့ တီးတိုးစကားသံတွေက cool guy နဲ့မိန်းမလှလေး အတွဲကသိပ်လိုက်ဖက်သည် ဆိုသည့်အသံများသာဖြစ်သည်။ သူတို့ပြောတာလဲ မှန်နေသည် သူ့မျက်လုံးထဲမယ် ရိပေါ်တို့နှစ်ယောက်က သိပ်လိုက်ဖက်နေတာဖြစ်သည်။ တစ်ပူးပူးတတွဲတွဲရှိနေတဲ့ လူနှစ်ယောက်က သူ့မျက်စိအရှေ့တည့်တည့်မှာဖြစ်သည်မို့ စားလက်စညနေစာကို အပြီးသပ်ကာ ထိုနေရာမှထွက်ခွာလာခဲ့တာဖြစ်သည်။
တစ်ယောက်ထဲလမ်းလျှောက်နေရင်း အတွေးတို့က ဟိုတစ်စသည်တစ်စ။ ခရီးကိုလိုက်လာရတဲ့ အကြောင်းပြချက်က တစ်ခုတည်းအဲ့ဒါ ရိပေါ်ကြောင့်။ ရိပေါ်ကတော့ တခြားသူကြောင့်ခရီးကို လိုက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို ခဏလောက်မျက်ကွယ်ပြုထားလို့ ဖြစ်တယ်မလား။ ဒီခရီးကိုလိုက်ပြီးရိပေါ်နဲ့ အတိုင်းအတာတစ်ခုလောက်ထိ ပိုပြီးရင်းနှီးချင်ရုံသပ်သပ်ရယ်ပါ။ သူမျှော်လင့်တာတစ်အားများသွားခဲ့တယ်ထင်ပါတယ်။ မျှော်လင့်ချက်နဲ့ လိုက်ဖြစ်တဲ့ဒီခရီးက မျှော်လင့်သလိုဖြစ်မလာတဲ့အခါ တစ်ယောက်ထဲ အရှက်ရစိတ်ကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လာပြန်တယ်။ ဒီလူသားကိုသူလက်လွတ်သင့်ပြီလား ဆိုတဲ့အတွေးဆိုးတွေက ဝင်လာခဲ့ပြန်တယ်၊ ထပ်ပြီးဆိုးရွားတဲ့ အတွေးမဝင်လာခင်မှာ အဆောင်ခန်းထဲလှည့်ပြန်ဖြစ်တယ်။ လမ်းတစ်ဝက်မှာ ချစ်ရသူနဲ့ဆုံတယ်
" ဘယ်ကပြန်လာတာလဲ "
" ဟိုနားဒီနား လမ်းလျှောက်ပြီးပြန်လာတာ၊ မင်းကရော "
" လီလီကနေလို့သိပ်မကောင်းလို့ ဆေးဝယ်ပြီးသွားပေးမလို့ "
" အာ... ဒါဆိုသွားလေ၊ ငါသွားနားတော့မယ် "
ရိပေါ်သူ့ကို စကားအပိုမပြောသွားတဲ့ ရှောင်းကျန့်ကြောင့် အလိုမကျစွာ မျက်ခုံးကျုံ့မိသည်။ ရှောင်းကျန့် ထွက်ခွာသွားသည့်တိုင် ထိုနေရာမှာ ကြောင်အပြီးရပ်ကျန်ခဲ့သူက ရိပေါ်ဖြစ်တယ်။ ရှောင်းကျန့်သူ့ကို ဒီလို သူစိမ်းလိုဆက်ဆံသွားတာ သူတကယ်နေလို့ အဆင်မပြေဘူး ရင်ထဲနေလို့မကောင်းသလိုခံစားလာရတယ်။ ရှုပ်ထွေးနေတဲ့စိတ်အစဉ်ကို ဖုန်းသံကဖြိုခွဲတယ် စခရင်ပေါ်က နာမည်ကိုကြည့်ပြီး ချက်ခြင်း answer key ကိုနှိပ်တော့ ထွက်လာတဲ့အသံက အလိုမကျမှုအပြည့်
