[Unicode]" ကျန့်!! "
_
ရှန့်ဟွားကျွန်းကို ရိပေါ်တို့ရောက်လာတဲ့အချိန်မှာ သူတို့ ခြေတစ်လှမ်းနောက်ကျနေခဲ့ပြီဖြစ်ကြောင်း ဆိပ်ကမ်းကို စက်လှေစိုက်တဲ့အချိန်မှာ ကြားရတဲ့ပစ်ခတ်သံတွေက အတည်ပြုပေးတယ်။ လုပ်ငန်းမစရသေးတဲ့ကျွန်းပေါ်မှာ အလုပ်သမားအနည်းငယ်နဲ့ ကျန့်တို့ကလွဲပြီးမရှိတဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်သံတွေက တရစပ်။
ပူလောင်လာတဲ့စိတ်အစုံကြောင့် စက်လှေပေါ်ကပြေးဆင်းပြီး ကမ်းပေါ်တက်ကြည့်တော့ လီရှင်း၊ ဟုန်းဆိုးနဲ့ နောက်ထပ်သက်လတ်ပိုင်းလူကြီးတစ်ယောက်က ဆယ်ကျော်သက်အရွယ်မိန်းခလေးတွေကို ကာပစ်ပေးပြီး ဆိပ်ကမ်းဆီခေါ်လာပေးနေတာ။ တစ်ဖက်လူတွေကိုကြည့်တော့ ဝမ်သခင်မရဲ့လူယုံချောင်၊ အိုရန်သခင်ကြီးနဲ့ သူ့ရဲ့လူတွေ သိူ့သော် ထိုထဲမှာ ပျောက်နေတာက Tineနဲ့ သူ့ရဲ့ကျန့်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ရှာကြည့်တော့ ကျန့်ရဲ့ အရိပ်ကလေးတောင်မတွေ့ရတာမို့။
" မင်းဘယ်မှာလဲ ကျန့် "
တစ်ယောက်ထဲသာ ရေရွတ်မိသည်။
ထိုအချိန်မှာပဲ ကျန့်ရဲ့နောက်ကိုသူလွှတ်ထားတဲ့ Jay ဆီကဆက်သွယ်လာတာသည်။ ကြားလိုက်ရတဲ့စကားကြောင့် ခြေထောက်တွေညွှတ်ကျချင်လာသည်။ ဂိုထောင်ထဲကျန်ခဲ့တဲ့ ကလေးတွေကိုကယ်ဖို့ ကျန့်ကတောထဲမျှားခေါ်သွားသည်တဲ့လေ။
သူနဲ့အတူပါလာတဲ့ ဟောက်ရွှမ်းရဲ့လူတွေရဲ့ တစ်ဝက်ကို သူ့နောက်လိုက်စေပြီး ကျန်တစ်ဝက်ကိုတော့ လီရှင်းတို့ကို ကူဖို့ထားခဲ့ပြီးတာနဲ့ ရိပေါ်က တောထဲကဂိုထောင်စီကို သုတ်ခြေတင်ရတော့သည်။ အခုချိန်မှာ ရိပေါ်တွေးနေတာတစ်ခုတည်း သူထပ်ပြီးနောက်မကျချင်တော့ပါ။ အခုတစ်ခါနောက်ကျသွားရင် တစ်ဘဝစာကျန့်ကို လက်လွှတ်လိုက်ရတော့မယ်လို့ တစ်ခုခုကသူ့ကိုသတိပေးနေသည်။
ဂိုထောင်နားမရောက်ခင် လမ်းတစ်ဝက်မှာ Tineနဲ့အတူ နောက်ထပ်ဆယ်ကျော်သက်အရွယ် မိန်းကလေးအချို့ကို တွေ့လိုက်ရသည်။ Tineရဲ့အနားကိုသွားပြီး