[Unicode]
" ဘယ်လို! "
ဟိုက်ခွမ်းကြားလိုက်ရတဲ့စကားကြောင့် မျက်လုံးတွေပြာထွက်သွားရသည်။ အသက်ကိုပြင်းပြင်းရှူလို့ စိတ်ငြိမ်အောင်အရင်လုပ်ပြီးမှ၊
" Tine ခင်များစိတ်အေးအေးထား၊ ကျွန်တော့်ကို တစ်လုံးချင်းပြောပြ၊ ကျွန်တော်အခုလာခဲ့မယ် ဘယ်မှာလဲ ခင်များတို့က "
" ကျွန်တော်တို့က အခု ရှန့်ဟွားကျွန်းမှာ "
" ဘာ! "
စိတ်ကိုလျော့ချပစ်ပြီး.. ဖုန်းကိုဆက်ပြောရသည်။ အခုချိန်ကဒေါသထွက်နေရမယ့်အချိန်မဟုတ်ဘူး။ ရှန်ဟွားကျွန်းနဲ့ ပေကျင်းက အသွားပြန်ဆိုရင် ရှစ်နာရီနီူပါးကြာမြင့်တဲ့ခရီးဖြစ်တယ်။ သူကျွန်းပေါ်ကိုမရောက်ခင်မှာများ ရှောင်းတစ်ခုခုဖြစ်သွားခဲ့ရင် ဆိုတဲ့အတွေးက သူ့ကိုစဉ်းစားနိုင်စွမ်းမဲ့စေတယ်။
" Tine ခင်များစိတ်အေးအေးထားစမ်း၊ ကျွန်တော်ပြောတဲ့အတိုင်းလုပ် "
" ဘာလုပ်ရမှာလဲ မြန်မြန်ပြောပါ ဒေါက်တာရယ် "
" သူခုဏကဆေးသောက်လိုက်တယ်လို့ပြောတယ်နော် ခင်များကြိုးစားပြီးအဲ့ ဆေးတွေပြန်ထွက်လာအောင်လုပ်၊ ခင်များလုပ်မှဖြစ်မှာနော် "
" ကျွန်တော်ကြိုးစားပါ့မယ် ဒေါက်တာ "
" ကောင်းပြီ ဖုန်းကိုစပီကာဖွင့်ထား၊ ကျွန်တော်အမြန်ဆုံးရောက်အောင်လာခဲ့မယ် အခုစတော့! "
Tineက ဖုန်းကိုစပီကာဖွင့်လို့စားပွဲခုံပေါ်တင်ထားလိုက်သည်။ ပြီးနောက်သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ကျန့်အာရဲ့ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်စေပြီး ဆေးတွေပြန်ထွက်အောင်လုပ်နေရသည်။ နာရီဝက်လောက်ကြိုးစားပြီးတဲ့နောက်မှာတော့ ကျန့်အာရဲ့လက်တွေက တဖြည်းဖြည်းအေးစက်လာပြီး အကြောတွေကပ်ကာရုန်းလာပြီဖြစ်တယ်။ ဒါကိုဟိုက်ခွမ်းက စပီကာဖွင့်ထားတဲ့ ဖုန်းထဲကနေရိပ်မိသည်ထင်
" Tine ခင်များရဲ့စောက်စိတ်တွေကို စုစည်းထားစမ်း! ခင်များလက်ထဲမှာအသက်လုနေရတာကျန့်အာနော် "