[Unicode]
"ရိပေါ်....မင်းနေမကောင်းဘူးလား "
ရှောင်းရဲ့အမေးစကားကြောင့် ဟောက်ရွှမ်းကလဲ
"အေး..ဟုတ်တယ်ရိပေါ်မနက်ကတည်းက ငါတို့မင်းကိုကြည့်နေတာ မျက်နှာကမသာမယာနဲ့ ဘာဖြစ်နေတာလဲ "
"ဟမ်၊ ငါလား ဘာမှမဖြစ်ပါဘူး ညကအိပ်ရေးနဲနဲပျက်သွားလို့ပါ "
ရိပေါ်မနေ့ကဝမ်သခင်မနဲ့ သူ့ရဲ့လူယုံပြောနေတာကိုကြားပြီးကတည်းက သူ့စိတ်ထဲခုနေတာသူပဲသိတယ်။ သူသိတဲ့ ဒီကိစ္စတွေကိုရှောင်းကျန့်ရောသိရဲ့လား။ သူသိနေလား မသိဘူးလား သိနေရင်ဒီလိုအေးဆေးဖြစ်နေပါ့မလား ဒါမှမဟုတ်မသိသေးတာများလား။
" ရိပေါ် ၊ ငါ့မျက်နှာတစ်ခုခုပေနေလို့လား ဒါမှမဟုတ်မေးစရာရှိနေလို့လား "
" ဟမ် ... မပေပါဘူး ၊မေးစရာလဲမရှိပါဘူး "
ဟုတ်သားပဲသူရှောင်းကျန့်ကိုကြည့်ရင်းအတွေးလွန်သွားသည်မလား။
"ရိပေါ် မင်းတဟမ်ဟမ်နဲ့ ဘာဖြစ်နေတာလဲ နေမကောင်းရင်လဲပြန်နားလိုက်လေ ငါတို့ဒီနေ့အတွက်စာလုပ်တာလဲလုံလောက်နေပြီပဲ၊ ပြန်နားလိုက်တော့ "
ထိုအခါမှ တစ်ချိန်လုံးငြိမ်ပြီးသူတို့ကိုသာအကဲခတ်နေတဲ့ဟိုက်ခွမ်းက
" ရိပေါ် မင်းပြန်ရင်ပြန်လိုက်တော့ ငါလိုက်ပို့ပေးမယ် ဟောက်ရွှမ်းကတော့ ရှောင်းနဲ့စာလုပ်ပြီးအတူတူပြန်လိုက်ပေါ့ ရှောင်းသူနဲ့ပြန်လို့ဖြစ်တယ်မို့လား"
"ဖြစ်တယ် ငါသေချာပြန်ပို့လိုက်ပါမယ်ကွ "
"အဲ့ဒါဆိုငါတို့သွားပြီ"
ရိပေါ်နဲ့ဟိုက်ခွမ်းလဲ အိမ်ပြန်ရန်အတွက် စာအုပ်တွေကိုသိမ်းပြီး ရှောင်းနဲ့ဟောက်ရွှမ်းကိုနှုတ်ဆက်ကာထွက်လာတော့သည်။ ဟိုက်ခွမ်းရိပေါ်ကိုပြန်လိုက်ပို့တာ အခြားတော့မဟုတ် ရိပေါ်နဲ့စကားအေးဆေးပြောချင်သည့်အပြင်မေးစရာတွေလဲရှိနေသောကြောင့်ဖြစ်သည်။
"ရိပေါ်၊ ရိပေါ် "
သူတို့ထွက်လာပြီးမကြာခင် အနောက်ကနေ ရိပေါ်နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့