[Unicode]
" ငါစုံစမ်းခိုင်းထားတာ သိရပြီလား "
" ကျွန်တော်တို့ ရသမျှနည်းလမ်းနဲ့ စုံစမ်းနေပါတယ် သခင်မကြီး "
" ဒီဘာမဟုတ်တဲ့ ကိစ္စလေးတောင် မင်းအသုံးကျအောင်မလုပ်နိုင်ဘူးလား ချောင် !! "
" တောင်းပန်.."
" ငါမင်းကို ပေးထားတဲ့အချိန်ဆယ်ရက်က တောင်းပန်စကားကြားရဖို့မဟုတ်ဘူး ဆိုတာ အခုထိ နားမလည်ဘူးလား !! အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်တာပဲ လိုချင်တာ၊ သွားတော့ ငါ့အရှေ့က "
ဝမ်အိမ်တော်ရဲ့ စာကြည့်ခန်းထဲမှာ ဒေါသအကြီးအကျယ်ထွက်နေရသူ ဝမ်သခင်မကြီး။ ဆွေးနွေးပွဲ ပြီးပြီးချင်းပဲ Sean ဆိုတဲ့ ကောင်လေးရဲ့အကြောင်း သူ့ရဲ့လူယုံ ချောင် ကိုစုံစမ်းခိုင်းထားခဲ့တာ! LX နဲ့သဘောတူစာချုပ်ကိုတောင် နောက်ဆုတ်ခဲ့တာ အခုတာ့....
ဘယ်တော့မဆို အလုပ်ကိုအပိုအလိုမရှိ တိတိကျကျ လုပ်နိုင်ခဲ့တဲ့ လူကတောင် ဒီကောင်လေးအကြောင်းဘာတစ်ခုမှမသိရဘူးဆိုတော့!! ဒီကောင်လေးရဲ့နောက်ခံက လျှော့တွက်လို့ရတဲ့အထဲမပါဘူး။ ပြီးတော့ သူ့ကိုစိတ်အနှောင့်အယှက်ပေးတဲ့ လူတစ်ယောက်ရှိသေးတယ်... ဝမ်ရိပေါ် ကဘာလို့ ဒုတိယရှယ်ယာအများဆုံးဖြစ်နေရတာလဲ! အနုပညာလောကထဲက တရားဝင်အနားယူပြီး သုံးနှစ်လောက်ပျောက်သွားပြီးကာမှ ဒီလိုအခြေအနေနဲ့ ပြန်ပေါ်လာခဲ့တာက... ဒီအခြေအနေတွေရောက်ဖို့ကို အချိန်ယူနေခဲ့တာပေါ့။ အဟင်း ငါ့လိုမိန်းမကို ချောင်ပိတ်ရိုက်ချင်ကြတယ်ပေါ့လေ!! အဲ့လောက်လွယ်လား.....
ဒေါသတွေရဲ့အဆုံး ဆေးနီနီတင်ထားတဲ့နှုတ်ခမ်းထပ် အပြုံးတစ်ပွင့်က လှလှပပ။ စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုကောက်ယူလို့ ခေါ်ဆိုမှုက နံပတ်တစ်ခုဆီကို တိတိကျကျ။ ဖုန်းဝင်သံ နှစ်ချက်လောက်ကြားပြီးတော့မှ
" အန်တီလေးပါ အားလျှို "
" ဟုတ်ကဲ့ ပြောပါအန်တီလေး "
" အန်တီလေးတို့ နေ့လည်စာအတူတူစားရအောင်လေ၊ စကားလက်စုံမပြောရတာလဲ ကြာပြီမလား "
" ကျွန်တော် အချိန်ဖယ်ထားလိုက်ပါ့မယ် "
" ကောင်းပြီ "