[Unicode]
ချစ်ခြင်းမေတ္တာတွေဟာ ထာဝရအတွက်ဖြစ်ဖို့ ကိုယ်တို့ဆုတောင်းကြတယ်။
မတည်မြဲဘူးဆိုတဲ့ အရာတွေကြားမှာပဲ ချစ်ခြင်းမေတ္တာတွေဟာ ခုတုံးလုပ်ခံကြရတယ်။
ဘယ်သူတစ်ယောက်ရဲ့ အမှားကြောင့်မှမဟုတ်ဘဲ ချစ်ခဲ့ရခြင်းတွေကသာ အမှားဖြစ်တယ်။အဖြူရောင်ပန်းတွေ အလယ်မှာရှိနေတဲ့ ဓာတ်ပုံထဲကလူနှစ်ယောက် အတိအကျပြောရရင် သက်လတ်ပိုင်းအရွယ်အမျိုးသားနဲ့အမျိုးသမီး ထိုလူသားနှစ်ယောက်ကတော့ မျက်လုံးများမှိတ်ကျလုမတတ် ပြုံးနေပေမဲ့ ထိုဓာတ်ပုံရှေ့မှာတော့ အုပ်ထိန်းသူလက်ပတ်ကိုပတ်လျက် ဈာပနဝတ်စုံဝတ်ကာအသက်မဲ့သူပမာ ငြိမ်သက်စွာထိုင်နေတဲ့ တစ်ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်။ ထိုကောင်လေးကတော့ ငိုဖို့မျက်ရည်မရှိတော့တာလား ဒါမှမဟုတ် ငိုဖို့အတွက်တောင် အရည်အချင်းမရှိလို့ မငိုတာလား ဆိုတာကိုတော့ ကာယကံရှင် ထိုကောင်လေးသာသိပေလိမ့်မည်။
ဈာပနပွဲလာ ဧည့်သည်တွေကတော့ ဓာတ်ပုံထဲကဇနီးမောင်နှံကိုတလှည့် ထိုကောင်းလေးကိုတလှည့်ကြည့်ကာ တိုးတိုးတမျိုးကျယ်ကျယ်တစ်ဖုံ စိတ်မကောင်းစွာစကားတို့ဆိုကြသည်။ အချိန်တွေတဖြည်းဖြည်းကုန်လာသည်နှင့် ဧည့်သည်များ ပြန်သွားသည့်တိုင် ထိုကောင်လေးကတော့ ထိုင်နေရာကနေတုတ်တုတ်မျှမလှုပ်။ ထိုကောင်လေးရဲ့ပုံစံကိုကြည့်ပြီး ရင်းနှီးသူတွေက ရင်နာရပြန်သည်။
" ရှောင်း မင်းခဏလောက်တော့နားလိုက်ပါလား "
" ....."
" မင်း ဒီလိုလုပ်နေတာကို ရှောင်းမာမားတို့မြင်ရင် စိတ်ကောင်းပါ့မလား၊ သွားလေသူ မားနဲ့ပါးကို စိတ်မဖြောင့်အောင်မလုပ်ပါနဲ့ကွာ "
"....."
လီရှင်း သူပြောတဲ့စကားတွေကို မကြားသလိုငြိမ်မြဲအတိုင် ငြိမ်သက်နေတဲ့လူသားကို စိတ်ပူရုံသာတက်နိုင်သည်။ အခုချိန်ရှောင်းရဲ့ စိတ်ဘယ်အတိုင်းတာလောက်ထိ တင်းထားရသလဲသူတို့အသိပင်။ သူ့ကိုယ်သူအပြစ်တင်စိတ်ကြီးမားနေတဲ့ ထိုလူသားလေးကို သူဘယ်လိုဖြောင့်ဖြပေးရမလဲပင်သူမသိတော့။ သူတို့ကိုယ်တိုင်လဲ စိတ်ထိခိုက်မှုကြီးမားခဲ့သည်မလား။