[Unicode]
အရှေ့အလယ်ပိုင်းဒေသ၊ အဇာဘိုင်ဂျန် သို့
ပျံသန်း နေသော လေယာဉ်ပေါ်တွင်သူတို့ရဲ့ပစ်ဒဏ်ကတကယ်ကိုကြီးမားခဲ့သည်။ ပိတ်မိနေတဲ့ပြည်သူတွေကို မထိခိုက်စေချင်လို့ ကာကွယ်ခဲ့ပေမဲ့ စည်းကမ်းနဲ့ဥပဒေကို ချိုးဖောက်လို့ ပစ်ဒဏ်အနေနဲ့ နိုင်ငံရေး မတည်ငြိမ်ပဋိပက္ခဖြစ်နေတဲ့ ဒီနိုင်ငံကို စေလွှတ်ခြင်းခံရခဲ့ရတာဖြစ်သည်။ ပြောချင်တာကတော့ သောက်မြင်ကပ်တဲ့ ပုဒ်မအနေနဲ့ရော ဒီလောက်ထိလူတတ်ကြီးလုပ် ချင်နေရင် ကိုယ့်အသက်ကိုယ်အရင်ကယ်ဆိုသည့် သဘော!
နိုင်ငံတွင်းမတည်ငြိမ်မှုတွေက တစ်ဆနဲ့တစ်ဆပြင်းထန်လာခဲ့သည်။ ထိုပြင်းထန်တဲ့အခြေအနေမှာ သူတို့ကလက်နက်ကိုင်ဆောင်ခွင့်မရှိပဲ ဘာကာကွယ်ရေးပစ္စည်းမှမပါပဲ ပစ်ဒဏ်အတွက်လာတာ ပစ်ဒဏ် သောက်ရေးမပါတဲ့ ချီးလိုပစ်ဒဏ်! အဲ့ဒီအပြင်ကို မသေချင်ရင် ကိုယ့်နေရာကိုယ်နေ ဆိုတာမျိုး! နာကျင်ရသမျှ၊ ပင်ပန်းရသမျှ၊ ဝမ်းနည်းစိတ်၊ သတိရစိတ် တွေကို အကုန်သီးခံ မြိုသိပ်ခဲ့တာ မဝေးတော့တဲ့ မားနဲ့ပါးရဲ့ အကြွေးကိုပြန်တောင်းယူနိုင်ဖို့ ! အခုတော့ သောက်တလွဲအခြေအနေတွေကြောင့် !!!တွေးနေရင်း ဒေါသတွေထွက်လာတဲ့ Sean ကတော့ သူ့ဘေးက သူ့ကိုတစ်ချိန်လုံးကြည့်နေတဲ့ လူရှိတာကိုတော့ သတိမထားမိခဲ့ပါဘူး။
Tine သူ့ဘေးကအတွေးတွေများ နေတဲ့ ကောင်လေးကိုကြည့်နေမိတယ်။ အင်း.. သူတို့ထပ်ဆုံတွေ့ရမယ်လို့ မထင်ခဲ့ပေမဲ့ ကံကြမ္မာက ဖန်တီးပေးခဲ့တယ်။ ပထမတစ်ခါနဲ့မတူညီစွာ ကောင်လေးကအလဲလဲ အပြိုပြိုဖြစ်နေခဲ့တယ်။
..................
လွန်ခဲ့သောငါးနှစ်
အားလပ်ရက်ရလို့ Tineက လောင်းကစားမြို့တော်ဖြစ်တဲ့ Las Vegas ကိုရောက်နေတာဖြစ်သည်။ ရက်ရှည်အားလပ်ရက် မဟုတ်ပေမဲ့ 1 နာရီသာကြာသည့် Flight time ကြောင့် သူထိုမြို့မှာ လုံလုံလောက်လောက် အချိန်ဖြုန်းလို့ရသည်။ ထို့ကြောင့်သူတစ်မြို့လုံးကို နှံ့နှံ့စပ်စပ်လျှောက်သွားပြီး ညနေစောင်းရောက်မှ နာမည်ကြီးကာစီနိုဝိုင်းသို့ချီတက်သည်။ Tine ရဲ့ဝါသနာကထူးသည် ကာစီနိုဝိုင်းသွားပေမဲ့ သူများကစားတာကိုပဲ ထိုင်ကြည့်တာဖြစ်သည်။ သို့သော်သူ့ရဲ့အာရုံကို တစ်ယောက်သောသူ က ဖမ်းစားသည်။ အနောက်တိုင်းသားတွေကြားမှာ ရှိနေတဲ့ အာရှသားလေး။ ထိုကောင်လေးကို ကြည့်ရင်းမှ သူတစ်ခုခုကိုသတိရကာ ထိုကောင်လေး ဘေးနားသို့သွားတော့ သူ့ကိုမော့ကြည့်လာတဲ့ မိက်လုံးကြည်ကြည်လေးတွေက အလိုမကျမှုအပြည့် သဘောကတော့ သိလို့လားဘာလာရှုပ်တာလဲပေါ့။ ကောင်လေးဘေး မတ်တပ်ရပ်လို့ ကြည့်နေတုန်း