[Unicode]
ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်
ကနေဒါကနေပေကျင်းကိုပျံသန်းလာတဲ့လေယာဉ် Air Canada ဟာပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလွန်ခဲ့သောမိနစ်သုံးဆယ်ခန့်ကဆိုက်ရောက်ပြီးဖြစ်တယ်။ ရိပေါ်ကတော့စိတ်လှုပ်ရှားစွာနဲ့ ခရီးသည်တွေထွက်လာမည့်အချိန်ကိုစောင့်နေတယ်။ သူစောင့်နေစဉ်မှာပဲ ခရီးသည်တွေကလဲ အလျှိုအလျှိုထွက်လာကြပြီဖြစ်တယ်။
ခရီးသည်တွေကုန်ခါနီးမှာတော့ မီးခိုးရောင် formal suit ကိုအသားရောင် long coat နဲ့လိုက်ဖက်စွာဝတ်ဆင်ထားပြီး ခြောက်ပေကျော်သောအရပ်၊ မျက်နှာထားတည်တည် ချောမောမှုအရှိန်အဝါအပြည့်နဲ့ အမျိုးသားတစ်ယောက် ထိုအမျိုးသားရဲ့ဘေးမှာ အဖြူရောင် ဂါဝန်လေးကိုဝတ်ဆင်ထားတဲ့အမျိုးသမီးက လက်ချိတ်ပြီးထွက်လာတဲ့မြင်ကွင်းက နတ်ဖက်တဲ့စုံတွဲလို နေနဲ့လပမာ ပတ်ဝန်းကျင်ရဲ့အာရုံစူးစိုက်မှုတွေက ထိုလူသားနှစ်ယောက်အပေါ်ကိုအပြည့်အဝရောက်ရှိနေကြတယ်။ သူတို့ကတော့အခြားသူမဟုတ် ဝမ်လျှိုယွမ်နဲ့ အိုရန်လီလီ။
ရိပေါ်ကတော့ သူ့အရှေ့ကမြင်ကွင်းကိုအပြုံးအရယ်မရှိ မမှိတ်မသုန်စိုက်ကြည့်နေတယ်။ ကြည့်နေတုန်းမှာပဲ တဖြည်းဖြည်းသူရှိရာကိုလျှောက်လာတဲ့ သူ့အစ်ကိုနဲ့ တစ်ယောက်သောသူကြောင့် ပြုံးလိုက်ပြီး လက်ထဲကပါလာတဲ့ပန်းစည်းကို ပေးလို့နှုတ်ဆက်စကားဆိုရတော့သည်။
" တရုတ်ပြည်က ကြိုဆိုပါတယ် ကောနဲ့လီလီ "
" ရိပေါ်တစ်ယောက်ထဲ လာတာလား "
" ဟုတ်တယ်ကော "
" ဒါဆိုလဲ သွားကြရအောင်လေ အိမ်မပြန်ခင်အန်တီလေးကို ဝင်နှုတ်ဆက်ရအောင် "
စရောက်ကတည်းက သူနဲ့ကောက သာစကားအပြန်အလှန်ပြောနေပေမဲ့ လီလီကတော့ ဘာမှဝင်မပြောသလို တွဲထားတဲ့ ကောရဲ့လက်ကိုလဲမဖြုတ်၊ ကောကတော့ မသိမသာဖြုတ်ပေမဲ့ လီလီကတော့ မသိဟန်ဆောင်ကာ ဆက်တွဲထားတုန်းပဲ။ အဲ့အပြင်ကို လီလီကသူလာကြိုတာကိုအလိုမကျသလို မျက်မှောင်ကျုံ့လို့ တခါခါသူ့ကိုကြည့်နေသေးသည်။ သူလဲထိုမြင်ကွင်းကိုလျစ်လျှူရှုလို့အရှေ့ကနေသာထွက်လာခဲ့တော့သည်။