[Unicode]
တရုတ်ပြည်ရဲ့ ထိပ်ဆုံးအိမ်တော်တွေထဲကနှစ်ခုဖြစ်တဲ့ ဝမ်နဲ့အိုရန်......
ဝမ်အိမ်တော်...ဝမ်သခင်ကြီးမရှိတော့ချိန်ကတည်းက ယိုယွင်းစပြုလာတဲ့ Wang groupဟာ ဝမ်လီဟွားရဲ့ဦးဆောင်မှုအောက်ကနေ နေ့ချင်းပဲပြန်လည်ဦးမော့လာခဲ့တယ်၊ ဝမ်လီဟွားက ဝမ်သခင်ကြီးရဲ့ဇနီး ရှုပ်ထွေးတဲ့မိသားစုအတွင်းရေးကို စိတ်ဝင်စားမှုမရှိတဲ့ အစုရှယ်ယာဝင်တွေဟာ သူတို့ရလာမဲ့အမြတ်ကိုသာ ရှေးရှုလို့ ဝမ်ဥက္ကဌနေရာမှာ ဝမ်လီဟွားကိုထိုင်စေခဲ့တယ်။ ပြိုလဲလုနီးပါ လုပ်ငန်းကြီးကို ဦးဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က အကြောင်းအရင်းကို မည်သူတစ်ဦးတစ်ယောက်ကမှစိတ်မဝင်စားခဲ့။ ယောက်ျားမိန်းမ တန်းတူအခွင့်အရေးအောက်မှာ ထက်မြတ်တဲ့အမျိုးသမီးဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည်လိုက်ခဲ့ကြတာမျိုးလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
တစ်ဦးတည်းကျန်ခဲ့တဲ့သားဟာ စီးပွားရေးကိုစိတ်မဝင်စားဘူး ဆိုတဲ့အကြောင်းပြချက်ကြောင့် လုပ်ငန်းတစ်ခုလုံးမှာ ဝမ်လီဟွားရဲ့ ခြေလက်တွေသာရှိနေခဲ့တယ်။
အိုရန်အိမ်တော်...ဝမ်လီဟွားကိုဘယ်သူမှမသိ အောင်နောက်ကွယ်က ထောက်ပံ့နေတဲ့သူဖြစ်တယ်။ စီးပွားရေးကိုဘန်းပြလို့ ဒုစရိုက်လုပ်ငန်းတွေကိုတွင်ကျယ်စွာလုပ်ဆောင် နေတဲ့အိမ်တော်တစ်ခု။ တစ်ဦးတည်းသောသမီး အိုရန်လီလီ ကအိမ်တော်တစ်ခုလုံးရဲ့ အသည်းညှာဖြစ်ပြန်တယ်။ အိမ်တော်နှစ်ခုရဲ့ ဆက်ဆံရေးက လျှို့ဝှက်တယ် အပေးအယူကို အတိအကျမသိရသေးခင်မှာ ထွက်လာတဲ့တစ်ခုတည်းသောအချက်က သားသမီးရေး လမ်းဖောက်ထားတဲ့အချက်ဖြစ်တယ်။
Constantine သူစုံစမ်းလို့ရသမျှကို ခေါင်းဆောင်ကိုတင်ပြနေရတာဖြစ်သည်။ အကြောင်းအရာဆွေကိုနားထောင်ရင်း မျက်နှာတစ်ပြင်လုံးက အလိုမကျမှုတွေအပြည့်။ မျက်မှောင်ကျုံ့လို့ ထိုင်ခုံနောက်ကိုကျောမှီလျက် ထိုင်နေတဲ့ခေါင်းဆောင်က တစ်ခုခုကိုအလေးအနက်တွေးတောနေဟန်ရှိသည်။
" Constantine မင်းရောဘယ်လိုထင်လဲ၊ အိမ်တော်နှစ်ခုရဲ့ပက်သတ်မှုက အဲ့လောက်ပဲရိုးရှင်းသလား မင်းပြောကြည့်စမ်း "