[Unicode]
အချိန်အားဖြစ်နှစ်ရက်ကုန်သွားပြီဖြစ်တယ်။ သို့သော် အိပ်မောကျနေတဲ့လူသားလေးကတော့ တုတ်တုတ်မျှလှုပ်မလာပါ။ ထိုနှစ်ရက်အတွင်း ရိပေါ်ကလဲ ဘေးကနေတဖဝါးမှမခွာခဲ့ ဘာစကားတစ်ခွန်းမျှလဲမပြော၊ ကျန့်ရဲ့မျက်နှာကိုသာ တွေတွေကြီးစိုက်ကြည့်နေခဲ့တာဖြစ်တယ်။ သို့သော်မျက်ရည်များကတော့ ကျမြဲအတိုင်းကျနေစဲ။
ရှန့်ဟွားကျွန်းကကိစ္စတွေပြီးခဲ့လို့ လီရှင်းတို့လဲ ကျန့်ရဲ့အကြောင်းတွေကိုသိခဲ့ပြီဖြစ်တယ်။ အင်း...သူတို့လဲ သိသိချင်းယူကြုံးမရဖြစ်ခဲ့ရသည်။ သေအတူရှင်မကွာသူငယ်ချင်းအကြောင်းကို ဘာတစ်ခုမှမသိခဲ့ရတဲ့အပြင် သိတဲ့အချိန်မှာတော့ အကုန်လွန်သွားပြီဖြစ်တာမို့ သူတို့လဲရူးမတတ်ပါပဲ။ ကျန့်ရဲ့သူငယ်ချင်းတွေလာစောင့်မယ်ပြောတာတောင် သူကလက်မခံခဲ့ဘူး။ ဒီအချိန်မှာတော့ ကျန့်ရဲ့အနား သူတစ်ယောက်တည်းပဲရှိနေချင်တယ် သူ့အတ္တလို့ဆိုရင်တောင် သေးငယ်တဲ့ အတ္တတစ်ခုရယ်ပါ။
ရိပေါ်ကတော့ အခုထိကျန့်ကိုစောင့်နေတုန်းပဲ.... ဆေးရုံအုပ်ကြီးပေးထားတဲ့ အချိန်ကသုံးရက်ပဲကျန်တော့တာမို့ အခုချိန်မှာ ကျန့်နိုးလာဖို့ကသာ သူ့အတွက်အရေးကြီးနေပြီဖြစ်တယ်။
_
" ကိုယ့်ရဲ့ကျန့် ဒီနေ့တော့ နိုးလာပေးမယ်မလား။ ကိုယ့်အတွက်မဟုတ်ရင်တောင် မင်းကိုစောင့်နေတဲ့ သူငယ်ချင်းတွေအတွက်လေ သူတို့လဲအရမ်းဝမ်းနည်းနေကြတယ် ကျန့်ရယ် "
ဒီနှစ်ရက်အတွင်း ပထမဆုံးကျန့်ကို ပြောပြဖြစ်တဲ့စကားဖြစ်တယ်။ နဂိုပိန်ပါတယ်ဆိုတဲ့ကျန့်အခုတော့ တဖြည်းဖြည်းနဲ့ သူ့လက်တစ်ပွေ့စာတောင်မရှိချင်တော့။ ကိုင်ထားတဲ့လက်ချောင်းလေးတွေဟာလဲ ပိုပိုပြီးသေးလာတယ်။ ဒါတွေဟာ ရိပေါ်ကိုရူးစေလောက်တဲ့ ကျန့်ရဲ့ပြောင်းလဲသွားချင်းတွေပါပဲ။
" ကိုယ်မင်းကို ချစ်တဲ့အကြောင်းတွေမပြောရသေးဘူးလေ၊ ကိုယ်မင်းကိုကြင်ကြင်နာနာတစ်ခါလေးတောင် မပွေ့ဖက်ဖူးသေးဘူးကျန့်ရယ်.... "