ဆေးရုံသွားတဲ့လမ်းတစ်လျောက်လုံး နှစ်ယောက်သားတစ်
ယောက်နဲ့တစ်ယောက် စကားမပြောပဲတိတ်ဆိတ်နေတယ်
ကားမောင်းလာရင်းပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့
မန်းလေးမြို့ဟာအရင်လိုလှပနေဆဲ တစ် ကယ်ကိုအများကြီး
မပြောင်းလဲသွားဘူး။ အမှတ်တရဆိုတာ နာကျင်ဖို့များ တည်ရှိ
နေသလားထင်ရအောင် အရင်ပုံရိပ်တွေနဲ့ပြည့်နှက်နေတဲ့ ဒီမြို့
ကြီးဟာ ကျွန်တော့်ကိုနာကျင်မှုတွေပဲပေးသတဲ့....
အတွေးများစွာနဲ့မောင်းလာရင်း ဆေးရုံကိုတောင်ရောက်ပီ"သံစဉ် ဆင်း ဆေးရုံရောက်ပြီ " ကားတံခါးကိုဖွင့်ပေးရင်း
ပြောလိုက်သည်။"ဒေါက်ဒေါက်..ဒေါက်.. " ၂ချက်၃ချက်လောက်အခန်းတံခါး
ကိုခေါက်နေပေမယ့်အခန်းတွင်းမှဘာမှပြန်မတုန့်ပြန်
ခနကြာတော့ ဘေးကိုလူတစ်ယောက်ရောက်လာပြီး"ဒီက သံစဉ် လားခဗျ "
လှည့်ကြည့်လိုက်တော့အသက်အလတ်ပိုင်းလူတစ်ယောက်
လင်းခ ကပဲ ချောင်းတစ်ချက်ဟန့်ရင်း"ဟုတ် တယ် ဗျ ကျွန်တော်က သူ ရဲ့ အုပ် ထိန်းသူ ပါ "
သံစဉ်တီးတိုးရေရွတ်လိုက်တယ် " ဘာအုပ်ထိန်းသူလဲ ငါ့ ကလေး လား "
အမည်မသိထိုသူက " ဟုတ်ကဲ့ ကျွန်တော်က သံစဉ်ကိုတာဝန်ယူထားတဲ့ ဆရာဝန်အသစ်ပါ ဆရာဝန်လေး
ကခွင့်ယူထားလို့ကျွန်တော်ကကြည့်ပေးမှာ ပါ "လင်းခစိတ်ထဲ၌ အရင်ဆရာဝန်ကငါဆိုတာသူမသိဘူးပဲ
သူအသစ်ပဲဖြစ်ရမယ်"အော်..ဟုတ်ကဲ့ "
၃ယောက်လုံးအခန်းတွင်းသို့ဝင်လာပြီးဆရာဝန်လေးကစကား
စလိုက်သည်။"မျက်ကြည်လွှာက အလှူရှင်လဲ ရပြီဆိုတော့ ခွဲခန်းဝင်ဖို့ ရက်ရွေးဖို့ပဲလိုတော့တယ် ။ နောက် ၂ပတ်လောက်နေရင်
အဆင်ပြေ လား မသိ ဘူး ""၂ပတ်တောင်လားဗျ ဒီထက်မြန်လို့မရတော့ဘူးလား " သံစဉ်ကဆို၏
လင်းခက စိုက်ကြည့်ရင်း " မင်း ကဘာတွေအဲ့လောက်မြန်
ချင်နေရတာလဲ ""ဟာ မြန်မြန်ပြန်ကောင်းချင်တဲ့လူနာဘယ်မှာမရှိလို့လဲ"
"မသိဘူးလေ ငါ့ကိုများမြန်မြန်မောင်းထုတ်ချင်လို့လားလို့"