ဒီနေ့ နဲ့ ဆိုသံစဉ် ဖျားပြီး သတိမရတာ ၃ရက် ရှိပြီ ဒီရက်ထဲတော်တော်ပင်ပန်းနေရှာမှာ ဖြူဖြူဖျော့ဖျော့လေးနဲ့
ကုတင်ပေါ်လှဲနေတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်သက်ပြင်း
ဖြေးဖြေးချမိတယ် ဘာတွေကငါတို့ကိုဝေးကွာသွားစေတာလဲ
မင်းငါ့ဆီ တစ်ခေါက်လောက်ပြန်လာလို့ ရမလားသံစဉ် အတွေး တွေ ထဲနစ်နေတုန်းသူ့လက်ချောင်းလေးတွေ လှုပ်လာတယ် ဟူးးးး နောက်ဆုံး တော့ ကျွန်တော့်ကောင်လေး သတိရလာခဲ့ပြီ"သံစဉ် နေရတာဘယ်လိုနေလဲ အဆင်ပြေရဲ့လား "
"ငါနေမကောင်းတာဘယ်နရက်ကြာသွာပြီလဲ လင်းခ "
" ၃ရက် ရှိပြီ "
"ဟင်းးးးး မင်းက ၃ရက်လုံးအိမ်မပြန်ပဲဒီမှာနေနေတာလား"
"ဒါပေါ့ကွ ငါပြန်ရင်မင်းကိုဘယ်သူဂရုစိုက်မှာလဲ..."
"....." သူဘာမှပြန်မပြော
"ဘာလဲမင်းက ငါ့ ကို ပြန်စေချင်တာလား"
"အဲ့လိုမဟုတ်ဘူး "
ဒီလိုကျတော့လဲအထင်လွဲသွားမှာဆိုးလို့အမြန်ငြင်းရှာသား
" မင်းဘာစားချင်လဲ ငါမင်းအတွက်ချက်ပေးမယ် "
"လင်းခ မင်းကဒီနှစ်တွေမှာ ဟင်းတွေတောင်ချက်တက်နေပြီလား "
"နည်းနည်းပါးပါး ပါ "
"အဆင်ပြေတာတစ်ခုခုပဲလုပ်လိုက်ပါ စားချင်စိတ်လဲသိပ်မရှိဘူး "နှစ်ယောက်လုံးအတွေးကိုယ်စီနဲ့ထမင်းဝိုင်းကတိတ်ဆိတ်နေတယ် ကျွန်တော်ကပဲစကားစလိုက်တယ်
"မင်းမျက်လုံးအတွက်မျက်ကြည်လွှာ လှူမယ့်သူရော
ရပြီလား ""အင်း ရပြီဆေးရုံကဆက်သွယ်လာတယ် ဒါပေမယ့် လဲ့ကမရှိတော့ ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ် "
"ငါကူညီပေးမယ်လေ သံစဉ် "
"ထားပါ မင်းလဲအားတဲ့သူမှမဟုတ်ပဲ ငါ့အတွက်နဲ့ "
သူ့စကားမဆုံးခင်ကျွန်တော်ဖြတ်ပြောလိုက်တယ်
"မင်း အတွက်နဲ့ကြောင့်မလို့အားနေတာ သံစဉ် ၇ နှစ်လုံးကို
ငါ့ကိုပစ်ခဲ့ပြီးပြီပဲ အခုနည်းနည်းလောက်ငါ့အပေါ်နွေးထွေး
ပေးလို့မရဘူးလား "
"လင်းခ မင်းအခုထိအခြေအနေတွေကိုမသိသေးဘူးလား
မင်းမသိချင်ယောင်ဆောင်နေတာလား "
"ဘာ လဲ လဲ့နဲ့လက်ထပ်ထားတာကိုပြောတာလား
မင်းတို့ ချစ်လို့မှမဟုတ်ပဲကွာ ရှင်းရှင်းပြောရရင်မင်းတို့တူတူတောင် "
"တော်တော့ လင်းခ.... အားလုံးကပြီးဆုံးသွားပြီ
အခုအခြေအနေကမင်းရောငါရောအတွက်အဆင်ပြေဆုံးပဲ"
"ငါအဆင်ပြေနေတယ်လို့မင်းထင်နေတာလား ငါ၇နှစ်တာလုံးလုံးဘယ်လိုဖြတ်သန်းခဲ့ရလဲမင်းသိလား "
"ငါသိတော့ရော ငါဘာတက်နိုင်မှာမလို့လဲ "
"မင်း ငါ့ ကို ချစ် သေး လား ငါ့ ကိုအဲ့တစ်ခုပဲဖြေသံစဉ်"
"ငါနားချင်ပြီးလင်းခ "ချစ်တယ်လဲမဖြေသလိုမချစ်ဘူးလို့လဲမဖြေသွားပါဘူး
ဒီအခြေအနေကကျွန်တော်အတွက်တစ်ကယ်ပဲခက်ခဲတယ်
ရှေ့ ဆက်၇မလားအရာအားလုံးကိုမေ့လိုက်ရမလား သူ ပြော တာ လဲ မှန် တာ ပဲ အခုအရာအားလုံးကအသားကျနေပီလေ
ဒါပေမယ့်ကျွန်တော်သူ့ကိုလိုအပ်နေတုန်းပဲ....#Update မမှန်တဲ့ Authorကိုဆဲသွားကြပါဦး🤣
ကြိုးစားပြီးပီးအောင်ရေးပေးမှာပါလို့ 🖤