Chapter 11

5.2K 168 16
                                    

ရွေးချယ်​ရခက်​တာ​တွေဖြစ်​လာမယ်​မှန်းကျွန်​​တော်​ကြိုသိခဲ့ရင်​ မန္တာ​လေးကိုလာခဲ့မှမဟုတ်​ဘူး...

.........

"သား​ရေ...လင်းခ"
"ဗျာ..တီး​လေး"
"အခန်း တံခါးခဏဖွင့်​ပါဦ တီ​လေး​ပြောစရာရှိလို့"
"ဟုတ်​ လာပြီတီ​လေး​ရေ"
"သား​ရေ တီ​လေးရဲ့ အသိတစ်​​ယောက်​က သူ့သား​လေးက​ဆေး​ကျောင်းတက်​​နေတာ​လေ က​လေးက​တော်​လို့သာ​ဆေး​ကျောင်းထား​ပေးထားတာအိမ်​ကစီးပွား​ရေးသိပ်​အဆင်​မ​ပြေဘူး​လေ"
"အင်း တီး​လေး..အဲ့တာ??"
"သားလည်းသိပါတယ်​စာ​တွေကခက်​​တာ..ပထမတစ်​နှစ်​က​တော့သူ့ဘာသာကျက်​ပြီး​အောင်​လာတာ ဒူတိယနှစ်​ကျ​တော့ စာသိပ်​မလိုက်​နိုင်​ဘူးတဲ့သားရယ်​"
"အဲ့​တော့ တီ​လေး​ပြောချင်​တာက ကျွန်​​တော်​ကသူ့ကိုစာပြ​ပေးရမယ်​​ပေါ့"
"အင်း ဟုတ်​တယ်​သားရဲ့...သားအားတံ့အချိန်​​လေးပဲဖစ်​ဖစ်​...သူတို့က​တော့လစာ​ပေးမယ်​​ပြောတာပဲသားကြည့်​ယူလိုက်​​ပေါ့"
"လစာကအ​ရေးမကြီးပါဘူးတီ​လေးရဲ့..သားလည်းကိုယ်​ချင်းစာပါတယ်​..သားလည်းသူများ​ထောက်​ပံ့လို့သာ ဒီ​နေ့​ဒီ​နေရာမှာဆရာဝန်​ဖြစ်​​နေတာ"
"အင်း ဟုတ်​တယ်​ ငါ့တူ​လေးရဲ့​ကျေးဇူးရှင်​ကိုတီ​လေးအမြဲ​ကျေးဇူးတင်​​နေပါတယ်​ကွယ်​..ဒီအိမ်​ကို​ရွေး​ပေးတဲ့အတွက်​​ရော"
"ဟုတ်​ပြီတီ​လေး ကျွန်​​တော်​သူ့နဲ့​တွေ့ကြည့်​ချင်​တယ်​ သူ့အ​မေနဲ့လည်းစကား​ပြောကြည့်​ချင်​တယ်​ သူသာတစ်​ကယ်​စာလုပ်​တဲ့​ကျောင်းသားဆို သူ​ဆေး​ကျောင်းပြီးတဲ့အထိ သားကိုက်​လုပ့်​​ပေးလို့ရတယ်​တီ​လေး"
"​ကောင်းတယ်​သား..ဒါဆို တီ​လေးသူတို့ကိုဖုန်းဆက်​ပြီး​ခေါ်လိုက်​မယ်​ သားနဲ့စကား​ပြောဖို့"
"​နေ​နေ တီး​လေး မ​ခေါ်ပါနဲ့ ကျွန်​​တော်​ကိုယ်​တိုင်​သွားလိုက်​မယ်​လိပ်​စာပဲ​ပေးပါ"
"ဟုတ်​ပြီသား"
"အဲ့​ကောင်​​လေးနာမည်​က​ရော"
"ထက်​မြက်​​အောင်​ တဲ့သား​ရေ"
.......
ဆေးရုံကပြန်​​ရောက်​​တော့ည​နေ၅နာရီ...​ရေမျိုးပြီးအပြင်​ထွက်​မယ်​ကြည့်​​တော့၆နာရီ သိပ်​​တော့​နောက်​မကျ​သေးပါဘူး စာသင်​ရမယ့်​​ကောင်​​လေးအိမ်​ကိုသွားကြည့်​လိုက်​မယ်​..

ပိုချစ်​တဲ့သူ...ကိုယ်​ပဲဖြစ်​ပါရ​စေ..Where stories live. Discover now