ငါ့ကိုငါတည်ငြိမ်လှပြီထင်ခဲ့တာအခုတော့ ၇နှစ်တာ အားတင်းထားသမျှဟာအလကားပါပဲလေ အမှန်ဆို မန်းလေး
ကိုမလာခဲ့သင့်တာ ဒေါက်တာကြီးလွဲပေးတဲ့လူနာကိုသံစဉ်မှန်း
သိထဲက လက်မခံ ခဲ့သင့်တာ အခုတော့ ဒီက ဒဏ်ရာများစွာနဲ့
နှလုံးသားမှာနောက်ထပ်ဒဏ်ရာတွေတိုးခဲ့ရပြီ...ဒီမှာလဲဆက်မနေချင်တော့ တာဝန်တွေကလဲမပြီးဆုံးသေး ဖြစ်နိုင်ရင်မင်း
အငွေ့ အသက်နဲ့ဝေးရာကိုငါထွက်ပြေးချင်ပြီ သံစဉ်....
....Alarmမြည်သံကိုကြားပေမယ့်လဲမထချင်သေး ဆေးရုံသွားရမှာသိပေမယ့်လဲ မထချင်သေး မနေ့ညက တော်တော်နောက်ကျတဲ့အထိ ငိုခဲ့တာမလို့မနက်နိုးတော့ခေါင်
းကမကြည်...ဒါပေမယ့်လဲ တစ်နေ့တာရဲ့တာဝန်တွေရှိသေး
တာမို့ရေချိုးပြီးဆေးရုံသွားရန် အောက်ထပ်သို့ဆင်းလာခဲ့
တယ်"တီလေး သား ဆေးရုံသွားတော့မယ် "
"သား မနေ့ကလိုနောက်မကျစေနဲ့နော် "
"ဟုတ် တီလေး "လူနာတွေတစ်ယောက်ပြီးတစ်ယောက်ကိုကြည့်ရင်း
အချိန် တွေ ကုန် ခဲ့ပြီ ညနေစောင်းထက်မြက်ကိုစာသင်
ပေးရမှာမလို့ ဆေးရုံကနေ ထက်မြက်အိမ်ကိုသာတန်းဝင်ခဲ့
လိုက် တယ် ..."အကို ဒီနေ့ လာတာစောတယ်နော် "
"ဟုတ် တယ် ညဘတ်ချိန်းထားတာလေးရှိလို့ "
တစ်ကယ်တော့ ဘာချိန်းထားတာမှမရှိပါ အိမ်ကိုစောစာ
ပြန်ပြီးအခန်း အောင်းခြင်သာစိတ်ကြောင့်သာဖြစ်တယ်..စာသင်နေရင်း unknown ဖုန်းတစ်လုံးဝင်လာတာမို့
ဖုန်း ကို ကိုင်လိုက်ရင်း"ဟဲလို "
"...."
အတန်ကြာတဲ့အထိဟိုဘတ်ကဘာမှပြန်မဖြေတာကြောင့်
"ဟဲလို လင်းခပြောနေပါတယ်"လို့သာထပ်ပြောလိုက်တယ်
လေသံမာမာနဲ့ပြောလိုက်သည်မို့ဟိုဘတ်က စကား သည် ဘက် လာ ခဲ့ တယ်"လင်းခငါသံစဉ်"သံစဉ်အသံတွေကတည်ငြိမ်ဟန်မပေါ်
တစ်ခုခုကိုတုန်လှုပ်နေဟန် ..."သံစဉ် မင်းဘာဖစ်လို့လဲ "
"ငါ့ကိုကယ်ပါဦး အမေမေ့လဲသွားတာခေါ်လို့မရဘူး နာရီဝက်ရှိပြီ အိမ်မှာလဲ အိမ်အကူကောင်မလေးပဲရှိတယ်
လဲ့ဆီလဲဖုန်းဆက်လို့မရဘူး " ပြောရင်းအသံလေးကတိမ်ဝင်
သွား တယ်