Chapter 13

454 28 7
                                    

ညနေ့ dutyပြီးလို့ ဆေးရုံကပြန်လာချိန် မန်းလေး ဆေးတက္ကသိုလ်ထဲကို ခန၀င်ကြည့်မိတယ် ဒီနေရာရဲ့ အငွေ့ အသက်ဟာ အတိတ်ကဖြစ်ရပ်တွေကိုသတိရစေတယ်...
နာကျင်ရတယ်...အဲ့တာတွေကို ခုန်မြင်တပ်မက်နေမိတယ်

နှလုံးသားထဲစွဲထင်နေတဲ့ အတိတ်ကဖြစ်တစ်ခုချင်းစီကို မေ့ပျောက်ဖို့က မတက်စွမ်းနိုင်ဘူး လွမ်းဆွတ်ခြင်းတွေရဲ့
အဝေးမှာမနေနိုင်ဘူးဆိုရင် အရင်ကအမှတ်တရတွေက အခု ထိ တိုင်လေး နား မှာ တ၀ဲဝဲ လည်နေမှာပဲ...

ငါမင်းကိုချစ်တဲ့စိတ်ကငါ့ဘ၀တစ်လုံးကိုပိတ်လှောင်ထားသလိုပဲ ငါမင်းကိုဒီနေ့ထိချစ်နေဆဲပဲ သံစဉ် ...

"ဆရာ....ဆရာ လင်းခ .."ဟင့် ငါခေါ်တာလဲမကြားပါလား
ဘာတွေအဲ့လောက်စဉ်းစားနေတာပါလိမ့်

လေသံထပ်မြင့် ပြီးခေါ်လိုက်တယ် "ဆရာ လင်းခ"

ဗျာ "ဆို့ထူးပီး အလန့်တကြားသူလှည့်ကြီးပြီး ကျွန်တော် ကို မြင် တော့
"ဟော ထက်မြတ်ပါလား အခု ထိ မပြန် သေး ဘူး လား"
"အခုမှ အတန်းပြီးလို့ဆရာ ...ဆရာ ကျွန်တော်ကို ဒီနေ့ စာစသင်မှာမလား "
"အင်းဟုတ်တယ် "
"အခုတစ်ခါတည်းလိုက်ခဲ့မလား ဆရာ "
" မလိုက်သေးဘူး ၇နာရီလောက်မှ လာခဲ့မယ် "
"ကျွန်တော် လာခေါ်ပေးရမလား"
"ရတယ် လာမခေါ်နဲ့ ပြီးတော့ ငါ့ကိုဆရာလို့မခေါ်ပါနဲ့ကွာ
အကို လောက်ဆိုတော်ရောပေါ့ " လို့ လင်းခ ခပ်ပြုံးပြုံးနဲ့ ထက်မြတ်ပုခုံးကိုလှမ်းဖက်ရင်းပြောလိုက်တော့
ဟိုကောင်လေးက ကြောင်တောင်တောင် လေးနဲ့
"ဟုတ်ကဲ့အစ်ကို ဟုတ်ကဲ့ "

........

"လဲ့ သမီးရေ ဒီမှာ စာ တစ်စောင် ရောက် နေ တယ် "
"လာပြီအမေလာပြီ "

အမေနဲ့လဲ့အပြန်အလှန်ပြောနေတာကို နားထောင်ရင်း စဉ်းစားမိတယ် ဘာစာလဲ လဲ့ဆီဘာစာရောက်နေတာလဲ
ထပ် မစဉ်းစားတော့ပဲ ကျွန်တော်ကို အကျီ င်္လဲပေးရင်း အလုပ်ရှုပ်နေတဲ့ သူမကိုသာ လှမ်း မေး လိုက် တယ်

"လဲ့ ဘာစာလဲ ဘယ်သူပို့တာလဲ "
"မသိဘူးလေ သံစဉ်ရဲ့ ကြည့်မှမကြည့်ရသေးတာ
သံစဉ် နင်ဘယ်တုန်းက ငါ့ကိစတွေအဲ့လောက်စိတ်ဝင်စားသွားရတာလဲ"
"မဟုတ်ပါဘူး ငါ့ လင်းခနဲ့ပတ်သတ်တာများလားလို့ "
"အမလေး ကိုယ်တော်ချောရယ် သူ့ဆီကဟာဆို ငါ့နာမည်နဲ့ လာမလား သံစဉ်ဆိုပြီးလာမှာပေါ့"
" ငါ့ကိုအခု ဆေးကုပေးနေတဲ့ doctorလေ သိ လား
သူအသံကို နားထောင်ရတာ လင်းခလိုပဲနွေးထွေးတယ်
အခု ဆို လင်းခ တစ်ယောက်ဘာတွေလုပ်နေမလဲငါသိချင်
တယ်လဲ့ ငါ့ ကို စိတ်နာစွာနဲ့သူရှင်သန်နေမလား ငါလေ
ငါ မရှိတော့တဲ့တစ်နေ့ မှာ တော့ သူ အကို အမှန်တရား တွေ
သိစေချင်တယ် "

ပိုချစ်​တဲ့သူ...ကိုယ်​ပဲဖြစ်​ပါရ​စေ..Where stories live. Discover now