အိပ်ခန်းပြတင်းပေါက်ကနေရောင်ခြည်က သံစဉ်မျက်နှာပေါ်ကိုကျလာတာကြောင့်သံစဉ်နိုးသွားသည်..စာရေးစားပွဲပေါ်က နာရီကိုလှမ်းကြည့်လိုက်တော့...
" ၉နာရီ...ဟမ်..."
ဟာညက ၂နာရီထိစာရေးလိုက်တာကြောင့် မနက်မနိုးတော့တာ..မေမေကလည်းဘာလို့လာမနှိုးတာလည်းမသိဘူး...ဒီနေ့တော့ကျောင်းတစ်ရက်ပျက်ရတော့မယ်...စိတ်ညစ်ညစ်နဲ့ အောက်ထပ်ကိုဆင်းလာလိုက်တော့ မေမေတစ်ယောက်မီးခိုးခန်းထဲမှာ ထမင်းချက်နေတာကိုတွေ့ရတယ်.."
"မေမေ.. သားကိုဘာလို့လာမနှိုးတာလည်း"
"သားကိုလာနှိုးတော့ လုံးဝနှိုးမရဘူးလေ..မေမေလည်းသားပင်ပန်းနေတယ်ထင်လို့ အတင်းမနှိုးတော့တာ"
"ဒီန်ေကျောင်းပျက်လိုက်ပြီမေမေရာ"
သံစဉ်ကငယ်ငယ်ထဲက ကျောင်းပျက်လို့စာနားမလည်မှာအလွန်စိုးရိမ်သူဖြစ်တယ်..အခုဆေးကျောင်းတက်နေတာတောင် ကျောင်းပျက်ရလို့ဖြစ်နေတဲ့ရုပ်က..
"သားရယ်...တစ်ရက်လေးပဲကို စာနားမလည်လဲ လင်းခကို ပြန်ရှင်းခိုင်
ရင်ရတာပဲလေ"
လင်းခ ဆိုတော့မှ သူသတိရသွားသည်..သူဒီနေ့ကျောင်းမတက်တော့ လင်းခတစ်ယောက် လိုက်ရှာနေမှာ အမှန်..ပြီးရင်ကျိန်ဆဲနေမှာလည်းသေချာတယ်...
"ဟုတ်ပါပြီ မေမေရာ"
လင်းခတစ်ယောက်မနက်ထဲက ကျောင်းဝင်းကိုပတ်နေတာ သံစဉ်ကိုမတွေ့သေး...အတန်းထဲမှာလဲမတွေ့ ကျောင်းမလာတာလား...နေမကောင်းလို့များလား..မနေ့ကအကောင်းကြီးကို..ကျောင်းလစ်ပြီးကောင်းမလေးနဲ့များသွားတွေ့တာလား...မဖြစ်နိုင်သံစဉ်အနားတွင်ကောင်းမလေးတစ်ယောက်တောင်မရှိ..အတွေးများစွာနဲ့ရူးချင်သလိုဖြစ်နေပြီ...