Chapter 5

2.2K 198 11
                                    

မိုး​တွေသည်းစွာရွာ​နေတယ်​...အိတ်​ထဲကလက်​ကိုင်​ဖုန်းထုတ်​ပြီး​တော့သံစဉ်​ဖုန်းကို​ခေါ်လိုက်​တယ်​...

ဒီလိုအချိန်​ဆိုမိုး​ရေထဲမှာ​ပြေး​နေမှာ​သေချာတယ်​...ဒီက​လေး ထီးယူဖို့​ပြောတာဘယ်​​တော့မှလည်းနားမ​ထောင်​ဘူး...

'ဟဲလို..လင်​ခ​ပြော​လေ..´

"သံစဉ်​..မင်းဘယ်​မှာလဲ...အခုထီးပါဘူးမလား"

"အင်း..ငါအခု​ပြေးလာ​နေတာ..​ကျောင်းနာ​ရောက်​​တော့မယ်​..​main​ဆောင်​​ရှေ့မှာ​စောင့်​​နေ"

"​အေး..လာခဲ့..မင်း​ရောက်​မှငါနဲ့​တွေ့မယ်​> <"

သံစဉ်​..အဲ့​ကောင်​​လေးက ​နေပူပူ​မိုးရွာရွာ ထီးယူရမှာသိပ်​ပျင်းတယ်​..မိုးသည်းကြီးမဲကြီး မရွာရင်​ ထီးပါတာ​တောင်​မ​ဆောင်းပဲ မိုး​ရေထဲသွားတက်​တယ်​...ထီးကိုင်​ရမှာ ပျင်းသူ​ပေါ့..မိုးမိရင်​သူ​နေမ​ကောင်းဖြစ်​တယ်​..ဒါကိုလည်းဂရုမစိုက်​ပါဘူး..သူလုပ်​ချင်​သလိုလုပ်​တာပဲ....

သူနဲ့​တွေ့တိုင်းချစ်​တဲ့စိတ်​နဲ့ သူယူလာကမှာပျင်းတဲ့ ထီးကိုကျွန်​​တော်​ဘက်​ကယူလာပြီး ထီးကိုင်​ရမှာပျင်းတဲ့ သူကို​ထီးမိုး​ပေးချင်​​ပေမယ့်​ သူထီးယူတက်​တဲ့အကျင့်​​လေးဖြစ်​သွား​အောင်​ ကျွန်​​တော်​ တမင်​တကာထီးချန်​ခဲ့တယ်​..သူကကျွန်​​တော်​နဲ့ အမြဲအပြင်​သွားလာ​နေမှာမှမဟုတ်​တာ...

မိုးရွာထဲ​လျောက်​​နေရတာ​ကြောင့်​သူမျက်​နှာခပ်​တင်းတင်းနဲ့ ကျွန်​​တော်​ကို​ပြောလာတယ်​..သူ့သူငယ်​ချင်းမ​လေး လဲ့ဆို သူနဲ့အပြင်​သွားတိုင်း သူထီမယူတက်​တာသိလို့ ထီယူလာပြီး ထီးမိုး​ပေးတက်​တယ်​တဲ့...

သံစဉ်​ရာ မင်းငါ့အချစ်​​တွေကိုမမြင်​နိုင်​ဘူးလား...​ဒီလိုအ​ကြောင်း​တွေ​ကြောင့်​ပဲ သူနဲ့ကျွန်​​တော်​ လမ်းခွဲရမယ်​ဆိုတာ ကျွန်​​တော်​မသိခဲ့ဘူး...

"လင်းခ..မင်းငါ့ကိုရှိတုန်းတန်​ဖိုးထားပါ..လက်​လွတ်​ဆုံးရှုံးလိုက်​ရမှ​နောင်​တမရပါနဲ့.."

အော်​..သူ​ပြောတဲ့တန်​ဖိုးထားတယ်​ဆိုတာ သူဘယ်​လိုသတ်​မှတ်​ထားတာပါလိမ့်​..

"အင်း..ငါမင်းကိုတန်​ဖိုးထားပါတယ်​"

"လင်းခ...မင်းကဘယ်​​တော့ဖြစ်​ဖြစ်​မင်းဘတ်​ပဲမင်းကြည့်​တယ်​...ငါဆန္ဒ​တွေကို အမြဲလျစ်​လျူရှုတယ်​..လဲ့ဆိုငါ့စကားတစ်​ခွန်းပဲ...

မင်းငါ့ကို မချစ်​ပါဘူးကွာ.."

အော်​ သူ​ကျွန်​​တော့ကို​ပြောတာ ကျွန်​​တော်​ ကသူ့ကိုမချစ်​ဘူးတဲ့လား

"လင်းခ..ငါတို့လမ်းခွဲရ​အောင်​"

ဟင်​ကျွန်​​တော်​ဘယ်​လိုမှမထင်​ထားတဲ့ စကားတစ်​ခွန်း သူ​ပြောလိုက်​ပြီ...လမ်းခွဲရ​အောင်​တဲ့ ၁နှစ်​ဆိုတဲ့ သံ​ယောဇဉ်​​လေးကို သူလွယ်​လွယ်​အဆုံးသတ်​နိုင်​တာပဲ...

မိုး​တွေရးအရမ်းရွာတဲ့​နေက သူကမိုး​ရေးထဲလမ်းတူတူ​လျောက်​ချင်​တာကို ကျွန်​​တော်​ငြင်းခဲ့လို သူ​ပြောတာ ကျွန်​​တော်​က သူဆန္ဒကိုမကြည့်​ဘူး ကိုယ့်​ဘက်​ကိုယ်​ပဲကြည့်​တယ်​တဲ့...တစ်​ကယ်​​တော့...​လေးဘတ်​နာရှိတဲ့ သူကနည်းနည်းချူချာတာမို့ ကျွန်​​တော်​ငြင်းခဲ့တာပါ...ဒါကိုသူဆန္ဒ​တွေကိုအမြဲလစ်​လျူရှုတယ်​တဲ့လား...

"ငါ့ကို တစ်​ကယ်​ချစ်​၊ အနစ်​နာခံ၊အနွံတာခံ၊ငါ့မျက်​နှာတစ်​ချက်​မညှိုး​အောင်​ ထားနိုင်​တဲ့ လဲ့ ကိုပဲငါ​ရွေးချယ်​​တော့မယ်​..လင်းခ"

ကျွန်​​တော်​ဘာပြန်​​ပြောရမလဲ..သူကိုအနစ်​နာခံတဲ့သူ အနွံတာခံတဲ့လူတဲ့...

"သံစဉ်​...မင်းနဲ့ လမ်းခွဲဖို့ကို ငါသ​ဘောတူတယ်​...ဒါမယ့်​​နောက်​ဆုံးအခွင့်​အ​ရေးအ​နေနဲ့ မနက်​ဖြန်​ညငါနဲ့တူတူညစား​စား​ပေးပါ"

"​ကောင်းပြီ​လေ..ငါလက်​ခံတယ်​"

ပြောချင်​တာ​တွေ​ပြော..စိတ်​ထဲထင်​​နေတာ​တွေ​ပြောပြီး ထွက်​သွားတဲ့ သူ့​ကိုကျွန်​​တော်​ကြည့်​ရင်​...စိတ်​ထဲက​နေ ​​အော်​​ပြောမိတယ်​...သံဇဉ်​ရာ မင်းကို သူချစ်​တယ်​ဆိုတာ ငါ့ကိုမှီပါ့မလား...ဘယ်​သူအချစ်​က အချစ်​စစ်​လဲ...မင်းမျက်​နှာတစ်​ချက်​မညှိုး​အောင်​အမြဲဖြည့်​ဆည်​ပေးတဲ့ သူအချစ်​ကအချစ်​စစ်​လား...အမြဲမင်းအတွက်​​တွေး​ပေးပြီး ဂရုတစိုက်​ချစ်​တဲ့ငါ့အချစ်​က အချစ်​စစ်​လားကွာ...(Readers ​လေး​တွေလည်း​ဖြေ​ပေးသွား​နော်​)

Continue...

A\N: ကြာပြီမ​ရေးတာ..အခုမှပြန်​dateရတဲ့အတွက်​ ​စောင့်​ပြီးဖတ်​​နေတဲ့သူ​​တွေကို​တောင်းပန်​ပါတယ်​ရှင်​...


ပိုချစ်​တဲ့သူ...ကိုယ်​ပဲဖြစ်​ပါရ​စေ..Where stories live. Discover now