တစ်ပတ် (၇)ဆိုတဲ့ အချိန်ကာလ..ကျွန်တေယ်အတွက် ၇နှစ်လိုပဲ...
အရမ်းကြာလွန်းတယ်...သံဇစဉ်နဲ့ အဆက်သွယ်မရတာ တစ်ပတ်ရှိပြီ..ကျောင်းလည်းမတက်...ဖုန်းဆက်လို့လည်းမရ...
ဟူး...သက်ပြင်းအရှည်ကြီးချမိတယ်...
"အိမ်ရှင်တို့"လူငယ်လေးတစ်ယောက်ရဲ့ခေါ်သံ
"ဟုတ်ကဲ့...ညီဘာကိစ္စများရှိလို့လည်း"
"ဖိတ်စာလာပို့တာ"ကောင်လေးက ပြောပြီးဖိတ်စာစာရွက်လေးကိုကမ်းပေးပြီး ပြန်ထွက်သွားတယ်..
ဖိတ်စာရဲ့အပေါ်မှာရေးထားတာက ကိုယ့်နာမည်"လင်းခ"တဲ့ ဒါဆို ဒေါလေးအသိမဟုတ်ဘူး ငါ့ကိုဖိတ်တဲ့ဟာပေါ့...
ဖိတ်စာကိုဖွင့်ဖတ်လိုက်တော့...ကျွန်တော်မျက်လုံးတွေကိုမယုံနိုင်ဘူး
သံစဉ်ရဲ့ မင်္ဂလာဆောင်ဖိတ်စာ...သတို့သမီးက လဲ့...ကျွန်တော်မျက်ရည်တွေဝေဝါစွာနဲ့သံစဉ် အိမ်ရှေ့ကိုပြေးလာခဲ့မိတယ်...
သံစဉ်...သံစဉ် မင်းခဏထွက်လာကွာ..."
"ကျွန်တော် ခဏသွားပါရစေမမ နောက်ဆုံးအနေနဲ့ သူနဲ့တစ်ခါလောက်တွေ့ပါရစေ...တောင်းပန်ပါတယ်"
"နေုာက်ဆုံးအနေနဲ့ ငါတွေ့ခွင့်ပေးမယ်...နောက်နင့်ဘဝတစ်ခုလုံး သူနဲ့မတွေ့ရတော့ဘူး.."
"လင်းခ"
"သံစဉ်...ဘယ်လိုဖြစ်တာလည်းကွာ ငါ့ကိုပြောပါဉ်ီး..မင်းတစ်ကယ်လက်ထပ်တော့မှာလား..ဘာကြောင့်လည်း"
"ငါတောင်းပန်ပါတယ်...လင်းခ..ငါ့မှာရွေးချယ်စရာမရှိတော့လို..အားလုံးအဆင်ပြေဖို့ငါရွေးချယ်လိုက်ရတာ"
"သံစဉ် ..မင်းကွာ..ရွေးချယ်စရာမရှိရင်တောင် မင်းမှာ သတ္တိမရှိလို့လားဟမ်...မင်းငါနောက်လိုက်ခဲ့ဖို့သတ္တိမရှိဘူးလား..."
"လင်းခ..ငါဘယ်လောက်ခက်ခဲ့စွာဆုံးဖြတ်ထားရလည်း မင်းသိရင်မင်းငါ့ကိုအပြစ်တင်စကားတွေပြောမှာမဟုတ်ဘူး...မင်းတစ်နေ့နားလည်လိမ့်မယ်လင်းခ"
"တောစမ်းပါ...သံစဉ်...ငါမင်းကိုအရမ်းမုန်းတယ်...စိတ်နာတယ်...
မင်းဘဝလေးသာယာပါစေ"
"လင်းခ..မင်းငါ့ကိုမုန်းထာတက် ငါမင်းကိုပိုချစ်တယ်...မင်းငါ့ကိုအရမ်းမုန်းတယ်လို့တွေးမိတိုင်း ငါမင်းကိုအရမ်းချစ်တယ်ဆိုတဲ့အတွေးလေးမင်းဘဝမှာကပ်ပါလာပါစေ..."
မစသင့်တဲ့ဇာတ်လမ်းကိုစခဲ့ကြတယ်...အဆုံးသတ်တွေမလှခဲ့ဘူး..နောက်ရော ဘယ်လိုတွေဆက်ဖြစ်ဦးမလဲ...
Continue...
A\N: Ch 1 to 8 ထိက 7 နှစ် အတွင်းဖြစ်နေတာတွေကိုပြန်ရေးထားတာ သိကြပါတယ်နော်...နောက်အပိုင်းတွေကစပြီး လက်ရှိကိုရေးမှာပါ...အတိတ်ကဒီchapter ထိပဲ...သံစဉ်လက်ထပ်သွားတယ်.
Update မှန်ပါတော့မယ်...Promise..သံစဉ်က ဘာလို့လက်ထပ်ဖို့လက်ခံတာလည်းဆိုတာကို လင်းခနဲ့တူတူပဲreader တွေကိုအသိပေးပါမယ်နော်...အစောကြီးပြောထားရင်ပျင်းသွားမှာဆိုးလို့...