Chapter 19

155 4 1
                                    

အိပ်ခန်းထဲကဖုန်းသံကအဆက်မပြတ်မြည်နေတာကြောင့် လင်းခမီးဖိုခန်းထဲကလုပ်လက်ဆတွေကိုလက်စသတ်ပြီး
ဖုန်းကိုင်ရန်အိပ်ခန်းထဲသို့ဝင်လာလိုက်သည်။

ဖုန်း screen ပေါ်မှာပေါ်နေတဲ့နာမည်က " ထက်မြတ် "တဲ့
ဟုတ်သား ကျွန်တော်သူ့ဆီစာသင်ပေးဖို့မသွားတာ ၁ပတ်ရှိပြီ
ဖုန်းဆက်ပြီးအကြောင်းကြားဖို့လဲ သံစဉ်ကိစတွေနဲ့အလုပ်ရှုပ်
နေတာနဲ့ မေ့သွားခဲ့တယ် ။

" ဟယ်လို ထက်မြတ် ပြော "
" ဆရာ ..  နောက်ဆုံးတော့ဖုန်းကိုင်ပြီပေါ့ "
" sorry ပါကွာအလုပ်ရှုပ်နေတာနဲ့ မင်းဆီကိုမဆက်သွယ်
ဖြစ်ခဲ့ဘူး "
" ဆရာ ကျွန်တော်ဆီ ကို မလာတော့ဘူးလား "
" အင်း မလာဖြစ်တော့ဘူး "
" ဘာလို့လဲ "
"သူငယ်ချင်း တစ်ယောက် မျက်လုံး ခွဲမှာမလို့ ၂ပတ်လောက် ကူညီ ပြီး နေပေးရမှာ မင်းဆီကိုလာပြီး စာသင် ပေး တိုင် မှာ
မဟုတ်တော့ဘူး "
" ၂ပတ်ပြီးရင်ရော ဆရာ "

ဒီကားလေးအသံတွေက၀မ်းနည်းမှုတွေပြည့်နေတယ်။သူနဲ့ ကျွန်တော်က အချိန်အကြာကြီးတူတူရှိခဲ့တာမဟုတ်ပေမယ့်
ဒီကြားထဲသူကြောင့်ကျွန်တော်စိတ်သက်သာရာရခဲ့တာ။ အခုကျွန်တော်မသင်ပေးနိုင်ဘူးပြောတော့ သူသေချာပေါက်
ဝမ်းနည်းနေမှာ

" ၂ပတ်ပြီးရင် ကိုယ်ရန်ကုန်ပြန်ဆင်းတော့မှာ "
" ဟင် ဘာလို့လဲ "
" ရန်ကုန် transfer လျောက်ထားတာပြန်ရပြီမလို့ "
" ဒါ ဆို ဆရာအပြီးပြန်တော့မှာလား "
"အင်း ဟုတ် တယ် "
" မပြန်ခင်ကျွန်တော်တို့တစ်ခေါက်လောက်တွေ့ လို့ရမလား
ဆရာ "
" သေချာတာပေါ့ မပြန်ခင်အိမ်ကိုလာခဲ့မယ် အန်တီကို
နှုတ်ဆက်ရင်း နဲ့ ပြီးတော့ မင်းကိုလဲ ငါ့ မှတ်စုစာအုပ်တွေပေး
ခဲ့ မယ် "
"ကျေးဇူးပါဆရာ ဒါဆိုကျွန်တော် ဖုန်း ချ လိုက် တော့ မယ် "
"ကောင်းပြီ " ကျွန်တော်ဖုန်းပြောပြီးအခန်းထဲကပြန်ထွက်ဖို့
လှည့်လိုက်တော့အခန်းပေါက်ဝမှာရပ်နေတဲ့သံစဉ်က ကျွန်တော့်ကို

" ဘယ်သူလဲ "
" အော် ငါ စာသင်ပေးနေတဲ့ကောင်လေး ငါမလာတာကြာလို့
ဖုန်းဆက် တာ "
"မင်းသွားချင်ရင်သွားလေ ညနေပိုင်းလေးပဲမလား "
"မသွားတော့ဘူး ငါလဲ ၂ပတ်ပြီးရင် ရန်ကုန်ပြန်ဆင်းတော့မှာ
" လင်းခ မင်း ဘာ လို့ ရန်ကုန် transfer တင်လိုက်
တာလဲ "
" ဟော ငါကဒီမှာနေရာအကြောင်းမှမရှိတော့တာ ပြီးတော့
ရန်ကုန်ကငါ့အတွက်ပိုနေသားကျနေပါပီ "
" တီလေးကဒီမှာတစ်ယောက်ထဲလေ "
"  အရင်ကလဲသူတစ်ယောက်ထဲနေတာပဲလေ သူ အဆင်ပြေ ပါ တယ် "
" အဆင်ပြေရင်လဲပြီးတာပဲ "

ကျွန်တော်ကိုပြောရင်းဆိုရင်းအခန်းရှေ့ ကနေ စမ်းတ၀ါးဝါးနဲ့
ထွက်သွားတဲ့ ဒီကောင်လေးကိုတစ်ခါတစ်လေနားမလည်နိုင်
ဘူး ကျွန်တော့်က်ဆက်နေစေချင်တာလား ထွက်သွားစေချင်
တာ လား ။

၂ပတ်ဆိုတဲ့အချိန်ကတစ်ကယ်ပဲအကုန်မြန်တယ် ဘာလိုလိုနဲ့
သံစဉ် မျက်လုံးခွဲရမယ့်ရက်တောင်ရောက်တော့်ယ် ပြီးရင် ကျွန်တော် လာ ရန်ကုန် ပြန်ရတော့မယ် ဖြစ်နိုင်ရင် အားလုံး
ကိုမေ့လိုက်ချင်တယ် ...  ရန်ကုန်မပြန်ခင်ထက်မြတ်ကိုမှတ်စု
စာအုပ် တွေ သွား ပေး ရင်းနှုတ်ဆက်ဖို့လဲလိုသေးတယ်
ရက်လဲ နီးနေပြီ မလို့ ရေမိုးချိုးပြီးထက်မြတ်တို့အိမ်ဘတ်
ထွက် လာ ခဲ့ လိုက် တယ် ။

"ထက်မြတ် ရေ ထက်မြတ် "
" လာပြီ အကိုရေ ခဏလေး "

ပြောရင်းဆိုရင်း ပုဆိုးကြီးကိုင်ပြီးထွက်လာသောဖြူဖြူပိန်ပိန်
ကောင်လေး ဒီကောင်လေးက ကျွန်တော့ထက် ၈နှစ်နီးပါ
ငယ်ပေမယ့် အရပ်ကတော့ပိုရှည်တယ်
" မင်း အ၀တ်လျှော်နေတာလား "
"ဟုတ်တယ်ဗျ လာအကိုဝင် ခု ထိုင်စောင့် ကျွန်တော်လက်
သွားသတ်လိုက်ဦးမယ် "
" ရတယ် ဖြေးဖြေးလုပ် ငါစာဖတ်ရင်းစောင့်နေမယ် "

× × × × × × × × × × × × × × × × × × × × × ×

A/N ဒီ Author ဘယ်လို update နေလဲလို့တော့
မတွေးပါနဲ့နော် 🤣 စိတ်ပါမှလာလာရေးနေတာမို့ပါ စောင့်
ရတာမကြိုက်ရင် complete ဖြစ်မှပဲဖတ်လိုက်ပါ 🤣
ဘယ်နနှစ်လောက်ကြာမလဲမသိဘူး😆 စတာစတာ
မြန်မြန်ဇာတ်သိမ်းပေးပါမယ်နော်🖤

You've reached the end of published parts.

⏰ Last updated: Jun 14, 2021 ⏰

Add this story to your Library to get notified about new parts!

ပိုချစ်​တဲ့သူ...ကိုယ်​ပဲဖြစ်​ပါရ​စေ..Where stories live. Discover now