Chapter 9

2.1K 150 3
                                    

နှစ်​​တွေအရမ်းကြာမှမန္တ​လေးကိုပြန်​​ရောက်​တာ...ပြန်​​ရောက်​တဲ့​နေ့ပဲ အတိတ်​အ​ကြောင်း​တွေကို စဉ်းစားမိ​နေတယ်​...သံစဉ်​ငါဒီ​လေးနှစ်​လုံးမင်းကိုနည်းနည်းမှ​မေ့မရခဲ့ဘူး...မင်း​ပြောခဲ့သလိုပဲ ငါမင်းကိုမုန်းဖို့​ကြိုးစားတိုင်း ငါမုန်းတာထက်​မင်းပိုချစ်​တယ်​ဆိုတဲ့စကားကိုပဲငါကြား​နေမိတယ်​...မန္တ​လေးပြန်​လာတာအလုပ်​နဲ့တာဝန်​အရလာရတယ်​ ဖြစ်​နိုင်​ရင်​မင်းရှိတဲ့ဒီမြို့ကြီးမှာငါခဏ​လေး​တောင်​အ​နေချင်​ဘူး...

ဒီလိုအ​တွေး​တွေနဲ့တစ်​ညတာကကုန်​ဆုံးသွားခဲ့တယ်​..အိမ်​မက်​​တွေထဲအထိ​တော့မင်းလိုက်​မလာပါနဲ့ကွာ...

"သား​ရေ..လင်းခ..ထ​တော့​လေ သားဒီ​နေ့​ဆေးရုံမှာပထမဆုံးအလုပ်​ဆင်းရမှာမလား​နောက်​​ကျ​နေဦးမယ်​"
"ထပြီတီး​လေး​ရေ...သားခဏ​နေ​အောက်​ဆင်းလာမယ်​"
"​အေး​အေး တီ​လေးမနက်​စာပြင်​ထားလိုက်​မယ်​"

ဒီ​နေ့ပထမဆုံးအလုပ်​ဆင်းရမယ်​ရက်​ ရန်​ကုန်​မှာထဲကသိချင်​​နေတာ​တွေအများကြီးရှိခဲ့တယ်
ဆေးရုံ​ရောက်​မှဆရာ့ကို​မေးရတယ်​ ဒီနှစ်​​တွေမှာသူ့ရဲ့​​ကျောင်းစရိတ်​​တွေကို​ထောင်​ပံ့​ပေးထားဘယ်​သူလဲ...အတိုးမသတ်​နိုင်​လို့ဆုံး​တော့မယ့်​အိမ်​ကို​ရွေး​ပေးခဲ့တာ​ရော ဘယ်​သူလဲ...ဘယ်​သူပဲဖြစ်​ဖြစ်​ပါ စိတ်​ရင်းအမှန်​နဲ့​ကျေးဇူးတင်​​နေမိတာ...
......

"ဆရာ"
"​ဟေ..လင်းခ မင်း​ရောက်​​နေပြီလား"
"ဟုတ်​ကဲ့...ကျွန်​​တော်​ဒီ​နေ့အလုပ်​စဆင်းမလို့ပါ"
"မ​နေ့ကမှ​ရောက်​တာ​လေ...နားဦးမှ​ပေါ့"
"ရပါတယ်​ ဆရာ"
"​အေး အဲ့တာဆိုလည်းငါမင်းကိုတာဝန်​တစ်​ခု​ပေးရမယ်​"
"ဟုတ်​​ပြောပါဆရာ"
"ဒီလိုကွာ ငါတာဝန်​ယူပြီးကု​ပေး​နေတဲ့ မျက်​မမြင်​​ကောင်​​လေးတစ်​​ယောက်​ရှိတယ်​...သူ့မျက်​ကြည်​လွှာအမျိုးအစားနဲ့တူတဲ့သူမရှိ​သေး​တော့ သူခွဲစိတ်​လို့မရဘူးဖြစ်​​နေတယ်​...ဆရာကလည်း နိုင်​ငံခြားသွားရမှာဆို​တော့ ဆရာအစားမင်းသူ့ကိုတာဝန်​ယူပြီးကြည့်​​ပေး​စေချင်​တယ်​"
"ဟုတ်​ရပါတယ်​..သူမျက်​စိကွယ်​​နေတာဘယ်​​လောက်​ကြာပြီလဲ"
"၄ နှစ်​"
"ဗျာ..​၄နှစ်​...၄နှစ်​အတွင်းသူနဲ့တူတဲ့မျက်​စိလွှာပိုင်​ရှင်​မရှိခဲ့ဘူးလား"
"မရှိဘူး..အ​ခြေ​နေပိုမဆိုး​အောင်​ပဲကြားထဲမှာထိန်းပြီးကု​ပေး​နေရတယ်​"
"​အော်​ ဟုတ်​ကဲ့ ကျွန်​​တော်​အဲလူနာကိုတာဝန်​ယူလိုက်​ပါ့မယ်​ဆရာ"
"ဒီ​နေ့ သူ့တို့လာရင်မင်းဆီလွှတ်​လိုက်​မယ်​"
"ဟုတ်​ကဲ့ပါဆရာ"
.............
"​ဒေါက်​တာ လူနာ​ရောက်​ပြီ..."
"အင်း အခနိးထဲလွှတ်​လိုက်​"

ပိုချစ်​တဲ့သူ...ကိုယ်​ပဲဖြစ်​ပါရ​စေ..Where stories live. Discover now