အပိုင်း(၁)

6.4K 352 8
                                    

(စတွေ့တုန်းကပန်းကလေးကဒဏ်ရာတွေနဲ့)

"နင်လည်းတစ်နေ့ကျရင် ချစ်တဲ့သူနဲ့ကွဲရလိမ့်မယ်။
နင်ချစ်တဲ့သူတိုင်းနဲ့သေကွဲကွဲပါစေလို့ငါကျိန်စာတိုက်တယ်။ဒီကျိန်စာကနင်ဘယ်ဘဝရောက်ရောက်
အသက်ဝင်နေရမယ်။နင့်ရဲ့ဆွေစဉ်မျိုးဆက်ကိုပါ
ငါ့ကျိန်စာက ခြိမ်းခြောက်နေစေရမယ်"

မိုးခြိမ်းသံနဲ့အပြိုင် ကြောက်မက်ဖွယ်ကောင်းတဲ့အသံတစ်သံက ပဲ့တင်ထပ်နေသည်။ရှိသမျှအားကုန်သုံးပြီး အော်ဟစ်နေတဲ့မြေခွေးမိစ္ဆာမရဲ့ရင်ထဲမှာ
နာကျည်းချက်တွေပြည့်နှက်နေတာကို သူ့ရဲ့နီရဲပြီး
သွေးကြောတွေပေါက်ထွက်မတပ်ဖြစ်နေတဲ့
မျက်လုံးတွေထဲမှာ အထင်းသားမြင်နေရသည်။
မကြာခင်မှာပဲ လွန်စွာလျင်မြန်ပြီးတိကျတဲ့ဓားချက်
အောက်မှာ သူမရဲ့ဦးခေါင်းဟာ သစ်ရွက်တစ်ရွက်ပမာ တိခနဲဖြတ်တောက်ခြင်းကို ခံလိုက်ရတော့သည်။

"စိတ်မကောင်းပေမယ့် မင်းရဲ့ကျိန်စာကငါ့အပေါ်
သက်ရောက်မှာမဟုတ်ဘူး"

ပြတ်သွားတဲ့ဦးခေါင်းကိုကြည့်ရင်း လူငယ်ကအေးစက်စွာနဲ့ဆိုသည်။သူ့ရဲ့အသံဟာ တည်ကြည်ပြတ်သားပြီး အနည်းငယ်တောင်တွန့်ဆုတ်နေခြင်း
မရှိခဲ့။လူငယ်ကမြေခွေးမိစ္ဆာမရဲ့ဦးခေါင်းပြတ်ကို
ကောက်ယူလိုက်ပြီးနောက် သူမရဲ့ချစ်သူဖြစ်ပုံရမယ့် မြေခွေးမိစ္ဆာရဲ့ရုပ်အလောင်းအနားကို
ယူသွားလိုက်သည်။

"ဘာလို့လဲဆိုတော့....ငါ့မှာ ချစ်ရမယ့်သူမရှိဘူး။
ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး"

အေးစက်စက်စကားလုံးတွေဟာပြတ်သားစွာထွက်ပေါ်လာ၏။သွေးအလိမ်းလိမ်းနဲ့ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ရုပ်အလောင်းနှစ်ခုကိုကြည့်နေတဲ့သူ့ရဲ့မျက်လုံး
တွေဟာလည်းဗလာနတ္ထိဖြစ်နေခဲ့သည်။
အမုန်းတရား၊အဖျက်လောဘ၊ဝမ်းနည်းမှု၊စိုးထိတ်မှု
ဘယ်လိုခံစားချက်မျိုးမှမရှိတဲ့ မီးခိုးရောင်မျက်လုံးများသာ။

သွေးတွေနဲ့စွန်းထင်းနေတဲ့ဓားအားဓားအိမ်ထဲကိုထည့်သိမ်းလိုက်ပြီး ရှောင်းကျန့် ထိုနေရာကနေလှည့်ထွက်လာခဲ့သည်။သူ့ရဲ့အဖြူရောင်ဝတ်ရုံကလည်း
မိစ္ဆာတွေရဲ့သွေးတွေစွန်းထင်းနေခဲ့ပြီး အလွန်များပြားလွန်းတာကြောင့် မူလနဂိုအဖြူရောင်ပျောက်ပြီး
အနီရောင်ဝတ်ရုံဟုပင်ထင်နေရသည်။
ထိုနေရာမှသုံးလေးလှမ်းအကွာရောက်သည့်အခါ
သူ့ရဲ့ခန္ဓာကိုယ်အတွင်းတွင်ပြင်းထန်သောနာကျင်မှုနှင့်အတူရင်ခေါင်းအတွင်းမှမီးပမာပူလောင်သောခံစားချက်တစ်ခုကလှိုက်တက်လာပြီး သွေးတစ်ပွက်အန်လိုက်သည်။

Too Late To Hold You (Completed)Where stories live. Discover now