အပိုင်း(၂၇)

907 129 3
                                    

       တရားစီရင်မှုနှင့်တရားမျှတမှု
..............................

ထျန်ရှန်းဘုရင့်နန်းတော်ရှေ့တွင် မရေမတွက်နိုင်သောပြည်သူအများအပြားဟာ စုရုံးရောက်ရှိနေကြသည်။ အကြောင်းအရင်းမှာ အိမ်ရှေ့စံမင်းသားအား
အရေးယူပေးဖို့ တောင်းဆိုရန်။

မနည်းလှသော လူအုပ်ကြီးကိုကြည့်ကာ ရှောင်ကျွင်း ခေါင်းကိုက်ရသည်မှာ အမှန်။ အားလုံးဟာ
အိမ်ရှေ့စံအား သစ္စာဖောက်ဟု အော်ဟစ်ပြောဆိုနေကြကာ ပြစ်ဒဏ်စီရင်ပေးရန် တညီတညာတည်း တောင်းဆိုနေကြသည်။

ဒါပေမဲ့ အိမ်ရှေ့စံက အခု ဒီမှာမှရှိမနေတာ..။

ထိုစဉ် ကျောက်မုချန်က တစ်စုံတရာကိုသတိရသွားဟန်ဖြင့် မေးလိုက်သည်။

"အိမ်ရှေ့စံနဲ့နန်လင်အကြောင်းကို ပြည်သူတွေက
ဘယ်လိုသိသွားတာလဲ... နန်းတွင်းမှာတောင် လျှို့်ဝှက်ထားတာမဟုတ်လား"

ရှောင်းကျွင်းအပါအဝင် အားလုံးဟာ ဒီပြဿ....နာကို
မည်သို့ဖြေရှင်းရမည်ကို မသိတော့ဘဲ ငြိမ်သက်နေချိန်တွင် ဟက် ဟူသော ခနဲ့သံနဲ့အတူ အနည်းငယ်အထက်စီးဆန်သော အသံတစ်သံက ထွက်ပေါ်လာသည်။

"လူတွေများ... အတော်လေး အားနေကြတယ်ထင်ပါရဲ့... သူများကို အမှားအမှန် စီရင်ဖို့တောင် အချိန်တွေရှိနေတာပဲ... တကယ်ဆို မြို့ရိုးခံတပ်ပြိုတာနဲ့ သူတို့အကုန်သေရမှာပဲမဟုတ်လား.... အသက်ရှင်နေရတဲ့တစ်ရက်အတွက် ကောင်းကင်ဘုံဆိုလား ဘာလားကို အကြိမ်ကြိမ်ဦးချကျေးဇူးတင်နေရမယ့်အစား စောက်ရေးမပါတာတွေ လုပ်နေတယ်... သနားစရာအမှုန်အမွှားတွေပဲ... ကယ်တင်လို့မရနိုင်တော့ဘူး"

ထိုသူက စကားများကို တရစပ်ပြောသွားပြီးနောက်
လက်ထဲက ယပ်တောင်ကိုဖွင့်ကာ နှစ်ချက်မျှခတ်လိုက်သေးသည်။ ထိုသူဆိုတာက ချန်ဖူယွင်ကလွဲပြီး ဘယ်သူများဖြစ်နိုင်ဦးမှာလဲ။ အထက်စီးဆန်ကာ ခနဲ့တဲ့တဲ့ပြောတတ်ပါသောနေရာတွင် ထိုသူက အင်မတန်ကျွမ်းကျင်ပုံရသည်။ ပြောချင်သမျှကို
ပစ်ပစ်ခါခါပြောပြီး ဘာမှမဖြစ်သလို မျက်နှာထားဖြင့် မျက်နှာပြောင်တိုက်ကာ နေတတ်သေးသည်။

Too Late To Hold You (Completed)Donde viven las historias. Descúbrelo ahora