*အိမ်ရှေ့စံမင်းသား၏ရွေးချယ်မှု*
..............................ကျူးမင်ယွဲ့ဆုံးသွားသည့်ညမှာပဲ ထျန်ရှန်းမြို့ထံ ကံကြမ္မာဆိုးကျရောက်လာသည့်နှယ် မိစ္ဆာကောင်တို့ဟာ အလုံးအရင်းဖြင့် မြို့တွင်းသို့ ဝင်ရောက်လာကြတော့သည်။ မိစ္ဆာအငွေ့အသက်များ ထုံလွှမ်းနေသည့် လေထုနှင့် တစ်စစီဖျက်စီးခံထားရသော အဆောက်အဦးအကျိုးအပဲ့များအကြား ဝရုန်းသုန်းကားဖြင့် အကျည်းတန်နေသော ထျန်ရှန်းမြို့မြင်ကွင်းဟာ ရှောင်းချွမ်း၏ မှတ်ဥာဏ်များထဲတွင် ထင်ထင်ရှားရှားရှိနေခဲ့သေးသည်။ သို့သည့်တိုင် ထိုစဉ်က
သူဟာ ဘာမှမခံစားခဲ့ရ။ ထပ်မံဆုံးရှုံးစရာ ဘာမှမရှိတော့သည့် အခြေအနေတွင် ခံစားချက်အားလုံး ဗလာကျင်းသွားခဲ့ရပြီ။မိစ္ဆာလက်ချက်အောက်တွင် တစစီပျက်စီးသွားတော့မည့် မြို့တော်ကို ကယ်တင်လိုက်သူက ထျန်ရှန်းတောင်ထွဋ်ပေါ်ရှိ သူတော်စင်ကျင့်ကြံသူအကြီးအကဲ။ တစ်နည်းအားဖြင့် ညီတော်အိမ်ရှေ့စံရှောင်းကျန့်၏ ဆရာသခင်။ ထိုအကြီးအကဲကို ရှောင်းချွမ်း တစ်ကြိမ်နှစ်ကြိမ်မျှသာမြင်ဖူးသော်ငြား ထိုသူ၏
တည်ကြည်အေးချမ်းသောမျက်နှာဟာ မေ့နိုင်ဖွယ်ရာမရှိ။ ထိုသူဟာ မိမိကိုယ်ကိုယ်စွန့်လွှတ်အနစ်နာခံ၍ ထျန်ရှန်းကို ကယ်တင်ခဲ့သည်။ သို့သော်
ပြန်ရလိုက်သည်က ဘာမဟုတ်သည့် အထိမ်းအမှတ် ကျောက်စာတိုင်တစ်ခုရယ်သာ။မိစ္ဆာတွေကို ရှောင်ချူတောင်မှာချိတ်ပိတ်ပြီးနောက်
ပျက်စီးသွားသည့် မြို့်တော်ကို မင်းကြီးရှောင်းကျွင်းက အသစ်ပြန်တည်စေသည်။ နှစ်အနည်းငယ်အတွင်းမှာပဲ ပြန်လည်အခြေကျစည်ကားလာသည့် မြို့တော်ဟာ ဆုံးရှုံးသွားခဲ့ရသည့်အသက်များပင် မရှိခဲ့သည့်နှယ် တစ်ကိုယ်ကောင်းဆန်စွာ။ ရှောင်းချွမ်းကမူ တစ်ဘဝလုံးပြေးမလွတ်နိုင်တော့သည့်
အပြစ်တင်စိတ်များဖြင့် ရှင်သန်ခဲ့ရသည်။ သူ့ရဲ့နေ့ရက်တိုင်းဟာ ဖမ်းဆုပ်မထားနိုင်ခဲ့သည့်
လက်ချောင်းကလေးများထံ၌သာ ပိတ်လှောင်နေခဲ့ရသည့်နှယ်။သို့ပေသိ နောက်ဆုံး၌ သူသိခဲ့ရပြီ။ သူ့တစ်ဘဝလုံးယုံကြည်နေခဲ့သလို သူကကျူးမင်ယွဲ့ကိုသတ်ခဲ့သည်ဟူသည်မှာ လုံးလုံးလျားလျား မှားယွင်းနေခဲ့သည်ပင်။ ကျူးမင်ယွဲ့ကို သေဆုံးခဲ့သည်က
ရူးနှမ်းနေတဲ့သူ့ရဲ့ခမည်းတော်နဲ့ ဒီအဖိုးမတန်တဲ့ ထျန်ရှန်းကြောင့်သာ ။ ဟုတ်သည်... ကျူးမင်ယွဲ့၏သေဆုံးမှုအတွက် ၎င်းတို့၌သာ အပြစ်ရှိသည်။ ထိုအတွက် ပြန်ပေးဆပ်ရမည်မှာ တရားမျှတသည်ပင် မဟုတ်ပါလော။ သူက ဘာကြောင့်များ
ငဲ့ညှာတွန့်ဆုတ်နေရမှာလဲ...။
ESTÁS LEYENDO
Too Late To Hold You (Completed)
Fanficလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်