အပိုင်း(၈)

1.2K 161 4
                                    

       ဆည်းဆာရဲ့နှင်းစက်ကလေး

..............................

ပြိုးပြိုးပြက်ပြက်ဓားသွားများနှင့် အခြားအသွားထက်လက်နက်များကို အစီအရီခင်းကျင်းထားသည့်
ဆိုင်ခန်းက ခူးရွှယ်မြို့အလယ်တွင်ထီးထီးမားမားရှိနေ၏။အခြားသောဆိုင်ခန်းငယ်ကလေးများရှိသော်လည်း ဤဆိုင်ကမူအမှန်ပင်ကြီးမားကာဆိုင်တွင်းရှိလက်နက်များကလည်း လက်ရာသေသပ်ကောင်းမွန်လှပေသည်။တချို့လက်နက်များဟာ သာမန်ကောင်းမွန်ရုံမျှသာဖြစ်ပြီး အချို့ကမူ သိဒ္ဓိစွမ်းအင်စီးဆင်းစေကာ မိစ္ဆာနှိမ်နင်းရေးလက်နက်အဖြစ်အသုံးပြုရန် သင့်လျော်သောလက်နက်များပင်လျှင်ရှိ၏။

ရှောင်းကျန့်သည် ဆိုင်ခန်းကိုအချိန်အတော်ကြာပတ်ကြည့်ပြီးတစ်နေရာအရောက်တွင် ရပ်လိုက်၏။
သူ၏အရှေ့တူရူတွင် ဓားတစ်ချောင်းဟာထောင်လျက်ရှိနေခဲ့ပြီး ရှောင်းကျန့်ကထိုဓားကိုလှမ်းယူလိုက်သည်။ဓားအိမ်ဟာသေသပ်လှပပြီးအနုစိပ်ပုံဖော်ထားဟန်ရှိ၏။ဓားရိုးနှင့်ဓားအိမ်နှစ်ခုစလုံးကို
လိပ်ပြာကလေးများ၊သေးငယ်သောပန်းပွင့်ကလေးများဖြင့် ရှုပ်ထွေးပွေလီစွာပုံဖော်ထားသော်လည်း
သန်မာသောအငွေ့အသက်ကမပျောက်ပြယ်သယောင်။ရှောင်းကျန့်သည်ဓားသွားကိုဓားအိမ်ထဲကထုတ်ကာ တစ်ချက်ကြည့်မိ၏။ငွေမှင်ရောင်တလက်လက်တောက်ပနေသောဓားသွားဟာ မာန်စွယ်အလွှားလွှားဖြင့်အရှိန်အဟုန်တစ်ခုစီးဆင်းနေဟန်ရှိပါ၏။
ရှောင်းကျန့်သည်ကျေနပ်စွာတစ်ချက်ပြုံးလိုက်သည်။

ပန်းပွင့်များစီခြယ်သောဓားအိမ်အတွင်း ဝံ့ဝံ့ကြွားကြွား ဓားသွားတစ်လက်။ နူးညံ့သိမ်မွေ့လှ၏။တစ်ဆက်တည်းမှာပဲခက်ထန်ကြမ်းတမ်းလှပါ၏။

"ကျွန်တော်ဒါယူမယ်"

"ဒီကသခင်လေးကတကယ်ကိုအမြင်စူးရှတာပဲ။
ဒါက ကျွန်တော်လုပ်ခဲ့ဖူးသမျှထဲမှာအကောင်းဆုံးလက်ရာလို့တောင်ဆိုနိုင်တယ်။ဒါပေမယ့် ဒါကဒီဆိုင်မှာရှိတဲ့အကောင်းဆုံးဆိုတော့ ဈေးကတော့..."

"ကိစ္စမရှိဘူး။ဘယ်လောက်ဖြစ်ဖြစ်ရတယ်။ကျွန်တော်ဒီဓားကိုယူမယ်"

Too Late To Hold You (Completed)Where stories live. Discover now