အပိုင်း(၄၀)

2.1K 137 5
                                    

(သုံးလောကအနှံ့ကျော်ကြားသောဒဏ္ဍာရီတစ်ခုရှိခဲ့သည်)
.............................

ထျန်ရှန်းစစ်ပွဲအပြီး လေးနှစ်အကြာ

>>>>>>

ပျားပန်းခတ်နေသောလူအုပ်ကြီးနှင့် ဟိုဟိုဒီဒီ အုတ်အော်သောင်းနင်း အလုပ်ရှုပ်နေကြသည့် မြင်ကွင်းက နန်လင်တစ်မြို့လုံးအနှံ့ ဝရုန်းသုန်းကား။
အထူးသဖြင့် နန်လင်မြို့ ချီးမြှောက်ခြင်းခန်းမဆောင်တွင် မှူးမတ်စစ်သည်များ ဝင်ချည်ထွက်ချည်ဖြင့်
အ​တော်​လေး အလျင်လိုနေဟန်လည်း ရှိ၏။ အစောင့်အကြပ်များ၊ အရာခံမှူးမတ်များသာမက စားဖိုမှူးများ၊ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများကအစ သာမန်ပြည်သူများအဆုံး ဘယ်သူမှမအားလပ်ရ။ နန်လင်တစ်မြို့လုံးအပြည့် ပန်းများ၊မီးအိမ် အဆင်တန်ဆာများဖြင့် ပွဲတော်ကြီးသဖွယ် စည်ကားနေ၏။

ချီးမြှောက်ခြင်းခန်းမဆောင်ထဲမှ မှူးမတ်များကမူ
သာမန်ပြည်သူများကဲ့သို့ ပျော်ပွဲရွှင်ပွဲ မဆင်နွှဲနိုင်သေး။ ခန်းမဆောင်အနှံ့ အထပ်ထပ်အခါခါ စစ်ဆေးမှုများ ပြုလုပ်ကာ အစစအရာရာ လိုလေးသေးမရှိအောင် ပြင်ဆင်နေကြရသည်။

စစ်ပွဲအတွင်း ပျက်စီးခဲ့သော နန်လင်မြို့ကို လေးနှစ်အကြာတွင်
ပြန်လည်တည်ထောင်နိုင်ခဲ့ပြီး နန်လင်ခံတပ်ကိုပါ
ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ထပ် ပိုအရေးကြီးသည်က နန်လင်မြို့ဖွင့်ပွဲအခမ်းအနားကို
ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ချီးမြှင့်မည်ဆိုသည်ပင်။ ထို့ကြောင့် အနည်းငယ်မျှပင် အမှားအယွင်းမရှိစေရန် အထူးဂရုပြုရမည်။

အဆုံး၌မူ ခန်းမဆောင်အတွင်း အပြင်အဆင်အားလုံး ပြည့်စုံသွားခဲ့ပြီ။ မှူးကြီးမတ်ရာများ၊ စစ်သူကြီးများ၊ မိစ္ဆာနှိမ်နင်းရေးဂိုဏ်းချုပ်များ၊ နန်းတွင်းစစ်သည်များနှင့် အမှုထမ်းများ အားလုံးလည်း ခန်းမတောင်အတွင်း၌ စုဝေးနေရာယူကာ ဘုရင်မင်းမြတ်အလာကို စောင့်ဆိုင်းနေကြသည်။

ခနအကြာတွင်မူ ကျယ်လောင်သော ပဟိုရ်စည်တီးသံနှင့်အတူ နန်းတွင်းအကြံပေးအရာရှိ၏ အသံက
ထွက်ပေါ်လာတော့သည်။

Too Late To Hold You (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ