အငြိုးကြီးသောစုန်းမ
.............................
"ကြည့်ရတာ...မဟုတ်မှလွဲရော တကယ်ပဲ အဲ့ဒီအိမ်နဲ့ပတ်သတ်ပြီး မသင်္ကာစရာတစ်ခုခုရှိနေတာလား"
ဝမ်ရိပေါ်၏အမေးကိုကြားသည်နှင့်တပြိုင်နက်
အားလုံးက တိတ်ဆိတ်သွားကြပြန်သည်။အဖြေမပေးနိုင်သည့်အလား ရှုပ်ထွေးထိတ်လန့်နေသော
မျက်နှာအမူအယာများက အထင်းသား။
အချိန်အတော်ကြာသည်အထိ ပြန်လည်ဖြေကြားသူမရှိ။ဝမ်ရိပေါ်ကထပ်ပြောသည်။
"အကယ်၍ မပြောချင်ရင်လည်းအတင်းအကြပ်မမေးပါဘူး.. ဒါပေမယ့် ဒီတိုင်းဆိုရင် ကျွန်တော်တို့
ဒီမိစ္ဆာနဲ့ပတ်သတ်ပြီးဘာမှမကူညီနိုင်မှာကို စိုးရိမ်မိတယ်"ထိုအခါမှ လူအုပ်ထဲကအသံတစ်သံထွက်လာတော့သည်။
"ကျွန်တော်ပြောပါမယ်.. တကယ်တော့ အဲ့ဒီတဲအိမ်က ရှုယွီဆိုတဲ့မိန်းကလေးရဲ့အိမ်ပါ"
"ရှုယွီ??သူကဘယ်သူလဲ"
"သူက....သူက စုန်းမတစ်ယောက်"
"စုန်းမ??"
"အင်း...သူ့ရဲ့ဆံပင်တွေ...သူ့ရဲ့ဆံပင်တွေကအဖြူရောင်.. အဲ့တာကြောင့် တစ်ရွာလုံးကသူ့ကိုစုန်းမလို့
လက်ခံထားကြတာ"ရှောင်းကျန့်ရဲ့မျက်ခုံးတန်းတွေက အလိုအလျောက်တွန့်ချိးသွားပြီး သူဟာမှတ်ဥာဏ်တစ်စုံတရာကို
ပြန်လည်တွေးတောမိ၏။*စုန်းမ*....ဤစကားလုံးအသုံးအနှုန်းကို ရှစ်ဇွင်းဖြစ်သူကတစ်ခါပြောပြခဲ့ဖူးသည်။ထိုအခါက ရှောင်းကျန့်ဟာငယ်ရွယ်သေးသည့်အတွက် ဤအကြောင်းအရာများကို အရေးတယူ မှတ်မထားခဲ့ပါပေ။စုန်းမများဟာ မိစ္ဆာတို့ကိုထိန်းချုပ်နိုင်ပြီး သူတို့ကိုနတ်ဆိုးတွေရဲ့နောက်လိုက်မျိုးဆက်များဟုသိကြသည်။သို့သည့်တိုင် ထိုအရာများကလက်ဆင့်ကမ်းစကားများသာဖြစ်ကာ အမှန်တကယ်ပင်စုန်းမများရှိသည်ဟု မည်သူကမှသက်သေအတိအကျဖြင့်မဆိုနိုင်သောကြောင့် သာမန်လေလွင့်ကောလဟာလများဟုသာ သတ်မှတ်ထားကြသည်။အချို့ဝေးလံခေါင်ခိုက်ကာ ရှေးရိုးစွဲဝါဒအမြစ်တွယ်နေသောတောရွာများ၌မူ ထိုအရာများကယုံကြည်မှုတစ်ခုအဖြစ်ကျန်ရှိနေခဲ့ပြီး အများနှင့်မတူဘဲ
ထူးခြားသည့်စွမ်းရည်ရှိသူ သို့မဟုတ် အသွင်အပြင်ထူးခြားသူများကို စုန်းမဟုအထင်မှားနေကြဆဲပင်။
YOU ARE READING
Too Late To Hold You (Completed)
Fanfictionလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်