(ကွေ့ဟွားပန်းနှင့်လရောင်ငယ်)
.............................ထျန်ရှန်းမြို့၏ ညဥ့်ကောင်းကင်ယံက ငြိမ်ဆိတ်ခြင်းအလျဉ်းမရှိ။ လူတို့၏ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားသံများ၊ တိုက်ပွဲသံများနှင့် ရုန်းရင်းဆန်ခတ် အုတ်အော်သောင်းနင်း မြင်ကွင်းများသာ
ရှိနေ၏။ ကြည်စင်သည့် လပြည့်ဝန်း၏ နွေးထွေးသည့်လရောင်တို့ ဖြာကျနေသည့် တဒင်္ဂလေးကိုပင် မော့ကြည့်ခံစားမည့်သူမရှိဘဲ ပြည့်ခါစ လမင်းဟာ မှောင်မိုက်သည့် ကောင်းကင်ယံဝယ် အထီးကျန်စွာ ရှိနေတော့သည်။အေးစိမ့်သော လေပြည်တို့ဟာ ညဥ့်ယံ၏ပတ်ဝန်းကျင်တစ်လျှောက် ဖြတ်တိုက်သွားချိန်၌ ပိုးသားဝတ်ရုံစကလေးဟာလည်း တစ်ချက်လွင့်ခါသွားခဲ့ပြီး သွယ်လျသောလက်ချောင်းကလေးများထဲတွင်
ဆုပ်ကိုင်ထားသည့် ပစ္စည်းကလေးဟာလည်း
တလက်လက်တောက်ပသွားသယောင်။"နောက်ဆုံးတော့ ဒီလိုအချိန်ကို ရောက်လာခဲ့ပြီပေါ့"
ရှောင်းချွမ်းသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး လက်ထဲမှ လရောင်ပန်းချီကားရတနာကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ လရောင်ပန်းချီကားရတနာသည် ဖန်ဂေါ်လီသဏ္ဍာန်လုံးဝန်းသည့်ပုံစံရှိပြီး ပင်လယ်ရေပြင်ကဲ့သို့ပြာလဲ့သော ပြာလဲ့သော ရတနာတစ်မျိုးပင်။ သို့သော် ထိုမျက်နှာပြင်အလွှာအောက်တွင် တစ်စုံတရာကိန်းအောင်းနေဟန်ရပြီး အမှန်စင်စစ် လျှိ့ဝှက်ဆွဲငင်သည့်အငွေ့အသက်များ ဖုံးလွှမ်းထား၏။ ထိုရတနာပေါ်သို့ လသာဆောင်ဝရံတာမှ ဖြာကျလာသော လရောင်ဖြဖြ ကျရောက်သွားချိန်၌ ပြာလဲ့သောမျက်နှာပြင်အလွှာသည် တဖြည်းဖြည်း ကြည်လင်လာပြီး ကွယ်ကာထားသည့် အတွင်းအလွှာက ပို၍ ထင်ရှားလာတော့သည်။ လရောင်ထင်ဟပ်သွားသော ရတနာ၏
အတွင်းဖက်မျက်နှာပြင်ပေါ်တွင် ပန်းချီကားတစ်ချပ်၏ပုံသဏ္ဍာန်ဟာ တစ်စတစ်စ ပီပြင်လာ၏။
သေချာကြည့်မိပါက ထိုဖန်ဂေါ်လီသဏ္ဍာန်ရတနာ၏ အတွင်းမျက်နှာပြင်တွင် ရေးဆွဲထားသည်က လရောင်ဖြာနေသည့်ကောင်းကင်ယံနှင့်လူသူရှင်းလင်းနေသည့် မြေတလင်းတစ်ခုသာ။
ရိုးရှင်း၏။ သို့သော် တစ်မျိုးတစ်မည် ထူးဆန်းနေပြန်သည်။
ESTÁS LEYENDO
Too Late To Hold You (Completed)
Fanficလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်