အပိုင်း(၂၁)

1K 142 4
                                    

ဧကရာဇ်ကရူးသွပ်နေခဲ့သည်ပင်

.............................

ဟန်လန်စံအိမ်တော်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်လျက် လေနုအေးတို့ဟာ တိုးဝှေ့ တိုက်ခတ်နေပါ၏။ အပယ်ခံနန်းဆောင်အတွင်း၌မူ အိမ်ရှေ့စံရှောင်းကျန့်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်နှလုံးမအေးချမ်းနိုင်ဘဲ ရှိနေတော့သည်။

ရှောင်းကျန့် ဒီအတိုင်းနေနေ၍ မဖြစ်ချေ။
ထျန်ရှန်းကို ကာကွယ်ရမည်။ လရောင်ပန်းချီကားရတနာကို ဝမ်ရိပေါ်လက်ထဲ ရောက်ခွင့်မပေးနိုင်။
ထိုသူက ဒီ့ထပ်ပို၍ ရမ်းကားဆိုးသွမ်းလာမည်ကို
သူကြည့်မနေနိုင်ပါချေ။
သို့သည့်တိုင် သူလုပ်နိုင်သည့်အရာဟူ၍ မရှိ။
ထိုက်ယန်ဓားကို ကိုယ်တိုင်ချိုးပစ်ခဲ့သည့်အပြင်
သိဒ္ဓိစွမ်းအင်တို့ကိုလည်း အလုံးစုံဆုံးရှုံးခဲ့ရသည်။
လက်နက်အဖြစ်အသုံးပြုရန်ပင် ချွန်ထက်သည့်အရာဟူ၍ အခန်းထဲတွင်မရှိ။ ဝမ်ရိပေါ်က ဤနန်းဆောင်အတွင်း အန္တရာယ်ဖြစ်စေနိုင်မည့် အရာမျိုး တစ်ခုတလေမျှပင် ချန်ထားခဲ့ခြင်းမပြု။
ယခုအချိန်တွင် သူဟာသန်မာထက်မြတ်သော
မိစ္ဆာနှိမ်နင်းသူမဟုတ်တော့ဘဲ သာမန်လူတစ်ယောက်နှင့်မခြားတော့ပေ။

ထို့အပြင် ဤဟန်လန်စံအိမ်တော်အတွင်းမှ ထွက်သွားရန်မှာ သူ့၌သိဒ္ဓိစွမ်းအင်များရှိနေလျှင်ပင်
လွယ်ကူနိုင်မည်မဟုတ်ပါချေ။နတ်ဖုရားသာလျှင်
စွမ်းဆောင်နိုင်တော့မည်။

နတ်ဖုရား....

ရုတ်တရက် ရှောင်းကျန့်၏အတွေးထဲတွင် တစ်စုံတရာကို သတိရသွားမိတော့သည်။

*အစောင့်အရှောက်နတ်ဖုရား... ငါသာအစောင့်အရှောက်နတ်ဖုရားကို ဆင့်ခေါ်နိုင်ခဲ့ရင် သေချာပေါက် ဒီနေရာကနေထွက်ပြီး ထျန်ရှန်းကိုရောက်သွားနိုင်မှာပဲ"

အစောင့်အရှောက်နတ်ဖုရားများသည် အခြားသောနတ်ဖုရားများနှင့်မတူဘဲ လူသားများနှင့်ဆက်သွယ်နိုင်သည်။အထူးသဖြင့် ကောင်းကင်ဘုံ၏ကောင်းချီးဖြင့်မွေးဖွားလာသူများဟာ အစောင့်အရှောက်နတ်ဖုရားများကို ဆင့်ခေါ်ကာ သူတို့၏စွမ်းအားများကိုပင် ချေးယူသုံးစွဲနိုင်သည်။ ရှောင်းကျန့်သည် ရှစ်ဇွင်းဖြစ်သူက အစောင့်အရှောက်နတ်ဖုရားကို
ဆင့်ခေါ်သည်ကိုပင် ကိုယ်တိုင်မြင်တွေ့ခဲ့ရဖူးသည်။
ထိုအကြောင်းအရာကို ဆရာသခင်အား မေးကြည့်ခဲ့မိချိန်တွင် ဆရာသခင်က ဤသို့ပြန်ဖြေ၏။

Too Late To Hold You (Completed)Where stories live. Discover now