အပိုင်း(၅)

1.4K 183 3
                                    

သူကသန်မာတဲ့ပန်းလေးတစ်ပွင့်ပဲလေ

.............................

ပိုမိုသိပ်သည်းလာတဲ့အဆိပ်ငွေ့တွေနဲ့အတူ
အမျိုးအမည်မသိတဲ့ ပိုးကောင်တွေဟာ ကျောက်မုချန်၊လင်းချွမ်ယင်၊ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့အနားမှာ
ရစ်ဝဲနေပြီး ပတ်ဝန်းကျင်ကိုပင်ရှင်းလင်းစွာမမြင်ရတော့ချေ။
ကျောက်မုချန်ကစမ်းတဝါးဝါးဖြင့်သူ့ရဲ့ဓားကိုဝေ့ယမ်းကာပိုးကောင်များကိုဖယ်ရှားပါသော်လည်း မထူးခြားပဲရှိနေတော့သည်။

အားလုံးထဲတွင်ထူးဆန်းစွာငြိမ်သက်နေခဲ့သည်က
ရှောင်းကျန့်ပင်။သူသည် အနှီထူးဆန်းလှပါသော
ပိုးကောင်များကိုမျက်တောင်မခတ်တမ်းကြည့်နေရင်းပင် သူ၏မျက်နှာပေါ်မှထိတ်လန့်တုန်လှုပ်နေပါသောအရိပ်အယောင်များမှာလည်း ထင်ရှားနေခဲ့ပါ၏။

ရှောင်းကျန့်သည် ဤအဆိပ်ငွေ့များနှင့်ပိုးကောင်များ၏မြင်ကွင်းကိုကောင်းကောင်းကြီးရင်းနှီးနေခဲ့ပါသည်။ထိုနေ့က ထျန်ရှန်းမြို့၏ကောင်းကင်ယံတွင်
ပိုးကောင်များအပြည့်ဖုံးလွှမ်းထားပါသောမြင်ကွင်းကိုပင်သူဟာ ​ကောင်းကောင်းကြီးမှတ်မိနေပါသေး၏။
သူက ဘယ်လိုများမေ့နိုင်မှာတဲ့တုန်း။သူ့ရဲ့
ဆရာသခင်ဟာ မိမိအသက်ကိုပင်ရင်းပြီး အခြားသောမိစ္ဆာများနှင့်တကွဤမိစ္ဆာအားရှောင်ချူတောင်ထိပ်တွင်ချိတ်ပိတ်ခဲ့သည်ကိုသူ၏မျက်စိရှေ့တွင် ကိုယ်တိုင်တွေ့မြင်ခဲ့ရပါလျက် အဘယ်ကြောင့်များ မှားယွင်းမေ့ပျောက်နိုင်မည်နည်း။သို့သော် ယခုမူ
အနှီချိတ်ပိတ်ခံလိုက်ရပြီးသောမိစ္ဆာဟာ ဒီကျူးဟိုင်တောင်မှာ၊သူ့မျက်စိရှေ့မှာရှိနေခဲ့ပါ၏။
ဒါက..ဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့ကိစ္စပါလဲ။

ရှောင်းကျန့်၏စိတ်အစုံသည်လွန်စွာရှုပ်ထွေးလျက်
သူဟာအသိစိတ်ကိုပင်ကောင်းမွန်စွာမထိန်းချုပ်နိုင်တော့ပါချေ။ကျောက်ရုပ်လိုငြိမ်သက်နေခဲ့ပြီး အတိတ်ထံမှရုန်းထွက်ကာ လက်တွေ့ကိုရောက်လာရန်ပင် သူ့မှာအသိစိတ်မရှိခဲ့ပါချေ။

"အရှင့်သား ကျွန်တော်တို့ကိုကူပါဦး"

ကျောက်မုချန်၏အသံသည် အသိစိတ်ကင်းမဲ့စွာ
ငြိမ်သက်နေပါသော ရှောင်းကျန့်အားလှုပ်နှိုးလိုက်သကဲ့သို့အသိစိတ်ပြန်ဝင်စေခဲ့၏။
ရှောင်းကျန့်ဟာ ငြိမ်သက်နေရာမှဘေးဘီကို
ဝေ့ဝိုက်ကြည့်မိသည်။ပိုးကောင်များနှင့်အဆိပ်ငွေ့များကရှိနေဆဲ။

Too Late To Hold You (Completed)Donde viven las historias. Descúbrelo ahora