အပိုင်း(၂၃)

932 142 10
                                    

     နာကျင်ဆို့နင့်ဖွယ် မှတ်ဥာဏ်များ
.............................

Flashback....

နန်လင်မြို့

ချူးအိမ်တော်၏ တံခါးမကြီး ပွင့်လာချိန်တွင်
တစ်စုံတစ်ဦး၏ ခပ်သွက်သွက်ခြေလှမ်းတို့ဟာ
အိမ်တော်ထဲရှိ ကျောပေးရပ်နေသော သူထံသို့။
တစ်ဖက်လူက ထိုသူရောက်လာသည်ကို ကြိုသိနှင့်နေသည့်အလား ကျောပေးထားရာမှ မျက်နှာချင်းဆိုင်သို့ လှည့်လာခဲ့ပြီး ပြုံးလျက် နှုတ်ခွန်းဆက်လိုက်သည်။

"ရောက်လာပြီပဲ အိမ်ရှေ့စံ... ဒီလူအိုကြီးက အိမ်ရှေ့စံကို စောင့်နေခဲ့တာ... ထိုင်ပါဦး... ဧည့်ဝတ်ပြုပါရစေ"

"သူ့ကိုလွှတ်ပေးလိုက်"

ပြတ်သားစွာဆိုလာသော စကားတို့ဟာ တိုတောင်းကာ အစပ်အဆက်မရှိသော်ငြား  ချူးစစ်သူကြီးက ထိုစကား၏အဓိပ္ပါယ်ကို သိနှင့်ပြီးဖြစ်သည်။
သို့သည့်တိုင် မည်သို့မျှ မတုံ့ပြန်။ ပြုံးလျှက်ဖြင့်ပင်
သေရည်အိုးကို ငဲ့နေ၏။

အိမ်ရှေ့စံက ထပ်ပြောလာသည်။

"သူ့ကိုလွှတ်ပေးလိုက်ပါ"

"အိမ်ရှေ့စံဘာကိုပြောနေမှန်း ဒီလူအိုကြီးဖြင့် နားမလည်ကြောင်းပါ"

"ကျွန်တော်နဲ့အတူပါလာတဲ့ ကောင်လေး... သူနန်လင်အကျဉ်းထောင်ထဲမှာရှိနေမှန်း ကျွန်တော်သိတယ်"

ရှောင်းကျန့်သည် ထွက်ပြေးလွတ်မြောက်လာသည့်
မိစ္ဆာကိုနှိမ်နင်းစဉ်က ထိုမိစ္ဆာ၏ကိုယ်ပေါ်တွင် ဝမ်ရိပေါ်၏အငွေ့အသက်အချို့ကို အာရုံခံလိုက်မိသောကြောင့် နန်လင်အကျဉ်းထောင်သို့ ကိုယ်တိုင်
ဝင်ရောက်စစ်ဆေးခဲ့ခြင်းပင်။ မျက်နှာဖုံးတို့ တပ်ဆင်ထားသည့်တိုင် ထိုသူ၏ အရိပ်ကလေးကိုပင် ကောင်းမွန်စွာ ရင်းနှီးကျွမ်းဝင်နေခဲ့ပါသော သူ့အတွက် ဘယ်လိုများ သတိမပြု၊မမှတ်မိနိုင်မှာတဲ့တုန်း။

"ကျွန်တော်သူ့ကိုပြန်လိုချင်တယ်"

သေရည်ငဲ့နေသည့် ချူးစစ်သူကြီး၏လက်တို့ဟာ ရပ်တန့်သွားခဲ့ပြီး တည်ကြည်စွာပြောလာခဲ့သည်။

"အရှင့်သားနဲ့ အဲ့ဒီကောင်လေးကြားမှာ ဘယ်လိုပတ်သက်မှုမျိုးရှိလဲမသိပေမယ့် ဒီလူအိုကြီးကလည်း
တာဝန်အရဆောင်ရွက်ရတာဖြစ်လို့ အိမ်ရှေ့စံက နားလည်ပေးစေချင်ပါတယ်... အန္တရာယ်များတဲ့မိစ္ဆာတွေကို ကိုင်တွယ်ရတဲ့နေရာမှာ လစ်ဟင်းမှုဆိုတာ
မရှိသင့်ဘူး"

Too Late To Hold You (Completed)Donde viven las historias. Descúbrelo ahora