အပိုင်း(၃၀)

1K 137 7
                                    

  (ဒီဧကရာဇ်က လောကသစ်တစ်ခု ဖန်တီးပေးမယ်)
............................

တိတ်ဆိတ်သော ညီလာခံခန်းမဆောင်အလယ်
တစ်စုံတစ်ယောက်၏ ခြေသံခပ်ပြင်းပြင်းကသာ
ထင်ရှားစွာ ထွက်ပေါ်နေသည်။ မျက်စိရှေ့မြင်ကွင်းတွင် ရာထူးဂုဏ်အင်များကင်းမဲ့နေပြီဖြစ်သော ပြည့်ရှင်မင်းကြီးဖြစ်ခဲ့ဖူးသူဟာ ညှိုးငယ်စွာ ရှိနေသည်။ ထိုမြင်ကွင်းက သူ့အတွက် အင်မတန် ​ကျေနပ်အားရဖွယ် ကောင်းလှပါ၏။

နန်းကျဘုရင်ရှောင်းကျွင်းကို သူ့ရဲ့ပုလ္လင်ရှိရာ ညီလာခံခန်းမဆောင်မှာပဲ ဖမ်းထားမယ်လို့ ဘယ်သူကများ ထင်ခဲ့မှာတုန်း...။

"လင်းယဲ့!! မင်း... မင်းကို ငါကိုယ်တော်က ဒီလောက်ယုံကြည်ခဲ့တာတောင် မင်းက သစ္စာဖောက်တယ်ပေါ့!! ကျေးဇူးကန်းတဲ့ကောင်!!!"

လင်းယဲ့သည် မထီမဲ့မြင်မဲ့ပြုံးတစ်ခုဖြင့် ပြန်တုံ့ပြန်သည်။

"ကျေးဇူးကန်းတယ်တဲ့လား... အရှင်မင်းကြီးရဲ့ကျေးဇူးတွေ ဒီအစေခံအပေါ်မှာ ဘယ်လောက်များများ ရှိခဲ့လို့ပါလဲ.. ကျွန်တော်မှတ်မိသလောက်တော့ ဘာမှတောင်မရှိခဲ့ဘူးလားလို့လေ.. အဲ့ဒီပုလ္လင်ပေါ်မှာထိုင်ပြီး ဖြစ်လာသမျှပြဿ  နာတိုင်းကို ကျွန်တော့ကို ရှင်းခိုင်းခဲ့တာကလွဲရင် ဒီတိုင်းပြည်အတွက်ရော.. ပြည်သူတွေအတွက်ရော... ဘာများကြီးကြီးမားမားလုပ်ပေးခဲ့ဖူးလို့လဲ.. အဲ့ဒီပုလ္လင်ကို သိပ်ပြီးလိုချင်ခဲ့လို့ ရအောင်ယူခဲ့ပြီးရင်လည်း ဘုရင်ပီသအောင်တော့ နေခဲ့သင့်တယ်မဟုတ်လား"

"မင်း!!!"

ရှောင်းကျွင်းသည် ဒေါသကြောင့် မျက်လုံးတို့ပင်ရဲလာခဲ့ပြီး လင်းယဲ့၏ အင်္ကျီစကိုဆွဲဆောင့်ကာ ဒေါသတကြီးအော်ဟစ်လာတော့သည်။

"မင်းကိုငါသတ်မယ်!!! သစ္စာဖောက်ကောင်!!!"

လင်းယဲ့ကမူ မျက်နှာမပျက်သွားဘဲ ခပ်ထေ့ထေ့အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ။

"တကယ်ပဲ ဒီလိုစကားမျိုးနဲ့ ခြိမ်းခြောက်လို့ရနိုင်မယ်ထင်နေတာလား... သဒ္ဓိအမြုတေမရှိတော့တဲ့ ဘုရင်တစ်ပါးကလေ"

ရှောင်းကျွင်း၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုတို့ အပြည့်ဖုံးလွှမ်းသွားသည်။ အင်္ကျီစကိုဆုပ်ကိုင်ထားသည့် လက်တို့ဟာလည်း တဖြည်းဖြည်းအားလျော့သွားခဲ့ပြီး ဆွံ့အတုန်လှုပ်သွားသည်မှာ
ဖုံးဖိ၍မရနိုင်လောက်အောင်။

Too Late To Hold You (Completed)Donde viven las historias. Descúbrelo ahora