(နှင်းစက်ကလေးကို ပြန်လည်ထိတွေ့ခြင်း)
.............................နေဝင်လုဆဲဆဲ ပုစွန်ဆီရောင် ကောင်းကင်ယံအောက်တွင် တလက်လက်တောက်ပနေသော ဓားသွားနှစ်လက်ဟာ အချင်းချင်းယှက်နွှယ်လျက်ရှိသည်။
ဓားရိုးတွင် ကနုတ်ပန်းခက်များ ထွင်းထုစီခြယ်ထားပြီး ငွေမှင်ရောင်တလက်လက်တောက်ပနေသည့် မုရွှယ်ဓားသည် ဓားသွားပေါ်တွင် *မုရွှယ်*ဟူသော စာတန်းကလေး ထွင်းထုထားရုံမှလွဲ၍ မူလကအတိုင်း မည်သို့မျှ မပြောင်းလဲ။
ရှောင်းကျန့်သည် မုရွှယ်ဓားကို သုခကုဋေသွေးမျက်ရည်ပန်းမိစ္ဆာနှင့် ရင်ဆိုင်ရစဉ်က နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်ပြီး ထိုဓားက ဘယ်အချိန်၌ ဝမ်ရိပေါ်လက်ထဲ မည်သို့မည်ပုံ ပြန်ရောက်သွားမှန်း သူမသိခဲ့။ သိဖို့ စဉ်းစားနေရန်လည်း သူ့မှာအချိန်မရှိ။ ဖြစ်နိုင်သည်က ဝမ်ရိပေါ်တစ်ယောက် ထိုနေရာသို့သွား၍ ဓားကိုပြန်ကောက်ယူခဲ့သည်ထင်၏။
မုရွှယ်ဓားသည် မပြောင်းမလဲရှိနေသော်ငြား ဝမ်ရိပေါ်၏ဓားရေးကမူ ယခင်ကထပ်ပို၍ ကောင်းလာသည်ဟုဆိုရမည်။ ရှောင်းကျန့်က ဝိဥာဉ်လဲလှယ်ဓားသွားကို တစ်ချက်လွှဲလိုက်တိုင်း ဝမ်ရိပေါ်၏မုရွှယ်ဓားဟာလည်း စည်းချက်ညီစွာဖြင့် ရှောင်းကျန့်၏
ဓားချက်ကို ပြန်လည်ခုခံသည်။ နှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်မှုတွင် မည်သူကပိုအသာစီးရနေမှန်း မှန်းဆ၍မရနိုင်ပါချေ။ဤတစ်ကြိမ်ဓားနှစ်ချောင်း ယှက်နွှယ်ထိခတ်သွားချိန်၌ ဝမ်ရိပေါ်ကနှုတ်ခမ်းထောင့်တစ်ဖက် ကော့တက်သွားရုံ ပြုံး၏။
"ကြည့်ရတာ ဒီတစ်ခေါက်တော့ ရှောင်ဟွားက ကိုယ့်ကို အလျော့မပေးတော့ဘူးပဲ"
ဩရှရှအသံကလေးဟာ ရှောင်းကျန့်၏ နားရွက်ဖျားမှတဆင့် နားစည်ထဲသို့ ဝင်ရောက်ထိခတ်သွားသည့် အထိအတွေ့အာရုံသည် ရှောင်းကျန့်အား ယခင်အတိုင်း တသိမ့်သိမ့်လှုပ်ခါသွားတတ်ဆဲ။ ရှောင်းကျန့်သည် ဓားရိုးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး အနောက်သို့ ခြေနှစ်လှမ်းခုန် ဆုတ်လိုက်သည်။ ထို့နောက် တစ်ဖန် ဓားသွားကို ဝမ်ရိပေါ်ထံသို့ချိန်ရွယ်ကာ တိုးဝင်တိုက်ခိုက်လာ၏။ ဝမ်ရိပေါ်ကမူ မုရွှယ်ဓားသွားဖြင့် ရှောင်းကျန့်၏ဓားချက်များကို ခုခံကာကွယ်နေမြဲ။ နှစ်ဦးကြားတိုက်ပွဲက အချိန်အနည်းငယ်ကြာသည်အထိ အနိုင်အရှုံးမသဲကွဲလာ။
YOU ARE READING
Too Late To Hold You (Completed)
Fanfictionလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်