နောက်ဆုံးတော့ Too Late To Hold Youလေးကို အခုလို အဆုံးသတ်နိုင်ခဲ့ပါပြီ...
ကျွန်တော့အတွက်တော့ ဒီလိုရှုပ်ထွေးတဲ့ဇာတ်အိမ်မျိုးကို ဖန်တီးဖူးတာ ဒါပထမဆုံးမို့ အတော်လေး
စွန့်စားရာကျတဲ့ ခရီးလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်...
ဇာတ်လမ်းကအတက်အကျများတာနဲအတူ အဲ့ဒီအတက်အကျတစ်ခုစီတိုင်းမှာ စာဖတ်တဲ့သူတွေကိုပါ
ဆွဲခေါ်သွားနိုင်ဖို့ အတော်ကြိုးစားခဲ့သလို အားမလိုအားမရဖြစ်ခဲ့တဲ့အချိန်တွေလည်း အများကြီးပါပဲ...
အထူးသဖြင့် ဇာတ်ကောင်တစ်ခုချင်းစီရဲ့ ခံစားချက်ကို ပုံဖော်တဲ့နေရာမှာ ပြည့်ပြည့်ဝဝ ပုံဖော်မပြနိုင်မှာကို အမြဲစိုးရိမ်ခဲ့ရတယ်... ဒါပေမဲ့ ခရီးရှည်ကြီးကို လျှောက်လာရင်း အခုလို အဆုံးသတ်ထိရောက်လာတဲ့အခါမှာတော့ ကိုယ်တိုင်ဒီထဲက ရုန်းထွက်ဖို့က ပိုခက်နေခဲ့သလိုပဲ... ဇာတ်ကောင်တွေရဲ့
ခံစားချက်အတိုင်း ရယ်ခဲ့၊ငိုခဲ့သမျှက ကိုယ်တိုင်အဲ့ဒီကမ္ဘာထဲမှာ ရှင်သန်ခဲ့သလို ခံစားခဲ့ရတယ်... တကယ်ကို အမှတ်တရတွေ အများကြီးပါပဲ...ပြီးတော့ TLTYHက ကျွန်တော်က ဇာတ်ကြောင်းကို ဖန်တီးခဲ့တယ်ဆိုတာထပ် ကိုယ့်ကိုပါဇာတ်လမ်းက ဆွဲခေါ်သွားခဲ့တာပဲ... အတော်များများသိကြမလားမသိပေမဲ့ ကျွန်တော်က စာရေးရင် လက်တန်းရေးဖြစ်တာများပါတယ်... Draftတွေဘာတွေရေးမထားဘဲ plotအကြမ်းကိုတွေးပြီးတာနဲ့ တန်းပြီးချရေးတော့တာပဲ... ရေးဖူးသမျှထဲမှာ TLTHYကတော့ စာမရေးခင် moodဝင်အောင်ဘယ်လိုသွင်းသွင်း ဒီအခန်းမှာဘာဖြစ်ရမယ် ဘာညာ အသေးစိတ်ကို ကြိုမတွေးမိဘဲ ရေးနေရင်းမှ မျက်လုံးထဲမှာ မြင်ယောင်လာတာမျိုးမို့ တချို့အခန်းတွေ၊ဒိုင်ယာလော့တွေဆို ထည့်ရေးမယ်လို့ လုံးဝမတွေးထားဖူးဘဲ ရေးမိသွားတာမျိုးတောင်ရှိခဲ့ဖူးတယ်... ဇာတ်ကောင်တစ်ခုချင်းစီတိုင်းကလည်း ကိုယ့်အတွက် အရေးပါတာမို့ ဒီဇာတ်ကောင်ကိုတော့ ဒီလိုဖြစ်ခိုင်းမယ်ဆိုတာထပ်
သူ့ရဲ့တုံ့ပြန်မှုနဲ့ သူ့အတွက်အကောင်းဆုံးဖြစ်မယ့် အဆုံးသတ်မျိုးကိုပဲ အတတ်နိုင်ဆုံး ပေးချင်ခဲ့တာပါ... အဲ့ဒီလို ဇာတ်ကောင်တစ်ခုချင်းစီတိုင်းကို မြတ်နိုးပေးတဲ့ သူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်...
YOU ARE READING
Too Late To Hold You (Completed)
Fanfictionလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်